Connect with us

Africa & Middle East

အီရန်နိုင်ငံ၌ မှိုအဆိပ်သင့်မှုဖြစ်ပွားရာ လူပေါင်း ၁ဝဝဝ ကျော် အော့အန်

သစ်ခေါက်မှိုပင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ အနောက်ပိုင်းပြည်နယ်အချို့၌ မကြာသေးမီ ရက်သတ္တပတ်များက အလေ့ကျပေါက်သော မှိုများကို စားသုံးမိရာမှ လူပေါင်း ၁ဝဝဝ ကျော် အော့အန်ကာ အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာက ရေးသားဖော်ပြသည်။

ယင်းကဲ့သို့အဆိပ်သင့်မှုမျိုးကို ထိရောက်အောင်ကုသနိုင်သည့် ကုထုံးမရှိသေးကြောင်း ၊ ၎င်းမှိုများသည် လူကိုသေစေနိုင်သည့် အဆိပ်အတောက်များပါဝင်နေကြောင်း အီရန်နိုင်ငံ Tasnim သတင်းအေဂျင်စီဖော်ပြချက်အရ သိရသည်။

အနည်းဆုံးလူ နှစ်ဦးကို အသဲအစားထိုးကုသမှုပေးခဲ့ပြီဖြစ်ကြောင်း သတင်းက ဆိုသည်။

ကျန်းမာရေးအာဏာပိုင်များက နွေဦးမိုးရွာသွန်းပြီးနောက် အီရန်နိုင်ငံ တောင်တန်းဒေသများတွင် အလေ့ကျပေါက်နေသည့် မှိုပွင့်များကို စားသုံးခြင်း သို့မဟုတ် ဝယ်ယူခြင်းမပြုရန် ပြည်သူများအား တိုက်တွန်းထားသည်။

အီရန်နိုင်ငံ၌ လွန်ခဲ့သောလများက အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့ခြင်းကြောင့် မှိုများစွာ ပေါက်နေကြောင်း သတင်းများက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.