Connect with us

Africa & Middle East

အီရတ်တွင် အနည်းဆုံး IS လက်နက်ကိုင် ၁၂ ဦး ပစ်သတ်ခံရ

အီရတ်နိုင်ငံ Hawigaမြို့ ကို အစိုးရစစ်တပ်က ပြန်လည်သိမ်းပိုက်စဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဘဂ္ဂဒက်၊ မေ ၂၂ ရက်(ဆင်ဟွာ)

အီရတ်စစ်တပ်က မေလ ၂၁ ရက်တွင် မြောက်ပိုင်းMosulမြို့၌ IS အစွန်းရောက်အဖွဲ့အစည်း တူးဖော်ထားသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းလိုဏ်ခေါင်းအတွင်း ပုန်းလျှိုနေသည့် လက်နက်ကိုင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လက်နက်ကိုင် ၁၂ ဦး ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အီရတ်စစ်တပ်က IS အစွန်းရောက်လက်နက်ကိုင် တပ်ကျန်များကို ရှာဖွေရှင်းလင်းမှုများပြုလုပ်နေရာ မေလ ၂၁ ရက်နေ့တွင် Mosulမြို့မြို့လယ်ခေါင်တွင် IS တို့ တူးဖော်ထားသည့် မြေအောက်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိရကြောင်း ၊ အစိုးရစစ်တပ်နှင့် လက်နက်ကိုင်တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုပစ်ခတ်မှုတွင် လက်နက်ကိုင် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းနှင့်အစာရေစာ အချို့ကို သိမ်းဆည်းရမိကြောင်း ၊ထို့နောက် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာအကြမ်းဖက်ဆန့်ကျင်ရေးမဟာမိတ်တပ်နှင့်အတူ တိုက်လေယာဉ်များဖြင့် ၎င်းမြေအောက်လိုဏ်ခေါင်းအား ဗုံးကြဲဖျက်ဆီးခဲ့ရာ အနည်းဆုံးလက်နက်ကိုင် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Ninevehပြည်နယ်၏ မြို့တော်Mosulသည် အီရတ်၏ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မြို့တော် ဘဂ္ဂဒက်၏ မြောက်ဘက် ကီလိုမီတာ ၄၀၀ ခန့်တွင် တည်ရှိသည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင် IS တို့က Mosulကို သိမ်းပိုက်နေရာယူခဲ့ပြီး၂၀၁၇ ခုနှစ် ဇူလိုင်တွင် အီရတ်အစိုးရတပ်က Mosulကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။

အီရတ်သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် IS တို့အား ထိုးနှက်တိုက်ခိုက်မှုတွင် သမိုင်းဝင်အောင်မြင်မှု ရရှိခဲ့သည်။ သို့သော် ယခုလက်ရှိ လက်နက်ကိုင်အင်အားစုအနည်းငယ်က အီရတ်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်ပုန်းလျှိုနေပြီး ရှောင်တခင်ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.