ကဘူးလ်၊ မတ် ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၌ မတ်လ ၈ ရက်က ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၃ ဦး သေဆုံးကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်သူ ၂ ဦးလည်း သေဆုံးသွားခဲ့ကြောင်း...
အက်ကရာ ၊ ဂါနာ ၊ မတ် ၇ ရက်(ဆင်ဟွာ) ဂါနာနိုင်ငံ၏ နှစ် ၆ဝ မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့တော် အက်ကရာ(Accra) ရှိ ပြည်သူ့ရင်ပြင်၌ မတ်လ ၆ ရက်က ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားတွင် နိုင်ငံအတွင်းရှိ ဒေသဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အန်ကာရာ၊ မတ် ၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များက ကိုးနာရီကြာ ရှာဖွေမှုများပြုလုပ်ပြီးနောက် ပျက်ကျခဲ့သည့် ဆီးရီးယားလေယာဉ်မှ လေယာဉ်မှူးအား ဒဏ်ရာများဖြင့် မတ်လ ၅ရက် နံနက်ပိုင်းတွင် တူရကီနိုင်ငံ တောင်ပိုင်း Hatay ပြည်နယ်၌ တွေ့ရှိခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာန Hurriyet က ဖော်ပြခဲ့သည်။
အာဖဂန်နစ္စတန်၊ မတ် ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် ရှိ လုံခြုံရေးဂိတ်တစ်ခုအား တာလီဘန် စစ်သွေးကြွများ က မတ်လ ၅ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၇ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။
ဟာရာရီ(Harare) ၊ မတ် ၃ ရက် (ဆင်ဟွာ) ဇင်ဘာဘွေ နိုင်ငံအတွင်း အဆက်မပြတ် မိုးရွာသွန်းမှု ဖြစ်ပွားခဲ့သောကြောင့် ဒေသ အသီးသီး တွင် ရေဘေးဒုက္ခ ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး လက်ရှိချိန်အထိ လူပေါင်း ၂၄၆ ဦးသေဆုံးခဲ့ကာ ၂၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ကို မတ်လ...
တူနစ် ၊ မတ် ၁ ရက်(ဆင်ဟွာ) အာရပ်နိုင်ငံအချို ့တွင် တိုင်းပြည်၏ ဆိုးဝါးသောအခြေအနေများကြောင့် ကလေးငယ် ၁၃သန်းကျော်မှာ ကျောင်းမှထွက်ခဲ့ရကြောင်း (သို့မဟုတ်) ကျောင်းနေခွင့်မရရှိခဲ့ကြောင်း အာရပ်အဖွဲ့ချုပ် အကြီးအကဲက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
မိုဂါဒစ်ရှူး၊ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံရှိ ပြည်သူ ၁.၅ သန်းက လတ်တလောကြုံတွေ့နေရသော မိုးခေါင်ရေရှားမှု အခြေအနေ နှင့် စားနပ်ရိက္ခာအခက်အခဲများကြောင့် ကျန်းမာရေးဆိုးဝါးနေမှုများကို ဖြေရှင်းပေးနိုင်ရန် ရံပုံငွေ အမေရိကန်ဒေါ်လာ ၁ဝ သန်း လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ ပူးပေါင်း စစ်ဆင်ရေး ညွှန်ကြားမှု ဌာန က အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့အနေဖြင့် မိုဆူးလ် မြို့အနောက်ပိုင်း ရှိ Mamun ဒေသ ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း...
ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်း Qatif မြို့ရှိ Al Jaziraဘဏ်၏ ဘဏ်ခွဲတစ်ခုအား ဖေဖော်ဝါရီ ၂၅ရက် အစောပိုင်းက အမည်မသိဖျက်ဆီးသူများက မီးရှို့ခဲ့ကြောင်း Al Sharq ပြည်တွင်းအွန်လိုင်းသတင်းဋ္ဌာန က ဖော်ပြခဲ့သည်။
ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုမ်းစ်ပြည်နယ်ရှိ လုံခြုံရေးဋ္ဌာနချုပ် ၂ခုတွင် ဖေဖော်ဝါရီ ၂၅ ရက်က အသေခံဗုံးခွဲသမား ၆ဦး၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ၄၂ဦးသေဆုံးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ နှင့် နိုင်ငံပိုင်ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။