Connect with us

Asia

တရုတ် နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံတို့က ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် အပေါ် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် ခိုင်မာစေရေး ပို၍ ကြိုးစားအားထုတ်သွားရန် ကတိပြု

တရုတ် နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံ အလံများအား ကိုင်ဆောင်ထားသူများကို တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

မနီလာ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ် နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံ အကြားတွင် အပြန်အလှန် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေး ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) မှတဆင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ CPC ပါတီ ဗဟိုကော်မတီ ၏ နိုင်ငံရေး ဗျူရို အဖွဲ့ဝင် နှင့် ချုံချင့် မြူနီစပယ် ကော်မတီ အတွင်းရေးမှူး ချန်မင်အော် (Chen Min’er) က ဖိလစ်ပိုင် နိုင်ငံ သမ္မတ Rodrigo Duterte နှင့် စက်တင်ဘာ ၁၆ ရက်တွင် ပြုလုပ်သော အစည်းအဝေး အတွင်း တရုတ် နိုင်ငံ အနေဖြင့် ပါတီ နှစ်ခု အကြား ကူးလူး ဖလှယ်မှု တိုးမြှင့်ရန် ၊ ဖိလစ်ပိုင် နိုင်ငံ နှင့် အတူ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ အနေဖြင့် အရည်အသွေးမြင့် ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) တည်ဆောက်ရန် ၊ ပူးတွဲ ဘက်စုံ ထိန်းသိမ်းခြင်း နှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးကို မြှင့်တင်ရန် ဖိလစ်ပိုင် နိုင်ငံ နှင့် အတူ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ချန်မင်အော် (Chen Min’er) က ပြောကြားခဲ့ပြီး ချုံချင့် မြူနီစပယ်သည်လည်း ဖိလစ်ပိုင် ဒေသ အုပ်ချုပ်ရေး အဖွဲ့အစည်းများ နှင့်အတူ တစ်ဦးချင်းစီမှ အပြန်အလှန် သင်ယူမှု နှင့် ဖလှယ်မှု တိုးမြှင့်ခြင်းအားဖြင့် ပံ့ပိုးမှု အသစ်များ ပြုလုပ်ရန် အတွက် အခွင့်အလမ်းများ မျှဝေသွားရန် ဆန္ဒရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ၏ အာဏာရ PDP-Laban ပါတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဖိလစ်ပိုင် နိုင်ငံ သမ္မတ Rodrigo Duterte က ဖိလစ်ပိုင် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တရုတ် နိုင်ငံ၏ ကူညီမှုများ အတွက် ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ပွင့်လင်းသည့် နှစ်နိုင်ငံ ဆက်ဆံရေးသည် ဖိလစ်ပိုင် နိုင်ငံ အတွက် အခွင့်အလမ်းများ ပိုမို၍ ယူဆောင် ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ သမ္မတ Rodrigo Duterte က ဖိလစ်ပိုင် နိုင်ငံ နှင့် ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အကြားတွင် ပူးပေါင်းစွမ်းအား နက်ရှိုင်းစေရေး ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူ လက်တွဲရန် အဆင်သင့် ရှိကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံသည် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ချုံချင့် မြူနီစပယ် နှင့် အတူတကွ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင် PDP-Laban ပါတီ၏ ဖိတ်ကြားချက် အရ ချန်မင်အော် (Chen Min’er) က ဖိလစ်ပိုင် နိုင်ငံသို့၅ ရက်ကြာ အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ရာတွင် ၎င်း၏ ခရီးစဉ် အတွင်း ဖိလစ်ပိုင် နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Alan Peter Cayetano နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

Chen Min’er သည် ဖိလစ်ပိုင် ဘဏ္ဍာရေး ဝန်ကြီး Carlos Dominguez နှင့်အတူ မနီလာမြို့၌ ပြုလုပ်သော ဖိလစ်ပိုင်-တရုတ်(ချုံချင့်) ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)