Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပသည့် Miss World Philippines 2019 အလှမယ်ပြိုင်ပွဲတွင် Michelle Dee သရဖူဆွတ်ခူး


ကွီဇုန်စီးတီး ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်မြို့(Quezon city) ၌ စက်တင်ဘာ ၁၆ ရက်တွင် ကျင်းပသည့် Miss World Philippines 2019 ပြိုင်ပွဲတွင် အလှမယ် Michelle Dee က အနိုင်ရဗိုလ်စွဲပြီး သူရဖူဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

၎င်းသည် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ ( Miss World 2019 )သို့ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

ဖိလစ်ပိုင်အလှမယ်ရွေးပွဲတွင် သရဖူဆုရရှိသူ နှင့် ပြိုင်ပွဲဝင် အလှမယ်များ၏ ပုံရိပ်များ(ဆင်ဟွာ)

ယင်းပြိုင်တွင် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ အလှမယ်စုစုပေါင်း ၄ဝ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။(Xinhua)