Connect with us

Asia

တောင်ကိုးရီးယားသမ္မတ၏ လူယုံ တစ်ဦးကို အရေးပေါ်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းထား

တောင်ကိုးရီးယားသမ္မတ၏ အထူးယုံကြည်အားကိုးခြင်း ခံရသူအား ရဲတပ်ဖွဲ့ ကဖမ်းဆီးလာစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယားနိုင်ငံ သမ္မတ ပက်ဂွန်ဟေး ၏ ကာလရှည် ယုံကြည်ကိုးစားခြင်းခံရသူ လူယုံ Choi Soon-sil အား နိုင်ငံ၏ အရေးအရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုဖြစ် အရေးပေါ် ဥပဒေဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း ပြည်တွင်း သတင်းမီဒီယာများက နိုဝင်ဘာ ၁ ရက်တွင် ရေးသားဖော်ပြသည်။

Choi သည် သက်သေခံပစ္စည်း ဖျောက်ဖျက်မှု နှင့် ထွက်ပြေးရန် ကြံစည်မှုများအပါအဝင် နာရီပေါင်းများစွာ အစစ်ဆေးခံနေရကြောင်း သိရသည်။ အသက် ၆ဝ နှစ် အရွယ်ရှိ Choi အား အောက်တိုဘာလ ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်က ဆိုးလ်မြို့ရှိ ဗဟိုခရိုင်ဥပဒေရုံးတွင် မေးခွန်းများ မေးမြန်းခဲ့ပြီးနောက် ယင်းနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၇ မိနစ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

၎င်းအား ဆိုးလ်မြို့ရှိ အချုပ်ခန်းသို့ပို့ဆောင်ထားကြောင်း နှင့် ၄၈ နာရီကြာ ဖမ်းဝရမ်းဖြင့် ချုပ်နှောင်ထားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေအရ ထောင်ဒဏ်သုံးနှစ်အထက် ကျခံနိုင်သော ပြစ်မှုကျူးလွန်ထားကြောင်း သံသယ ရှိနေသူ တရားခံတစ်ဦးကို တရားရုံး၏ ဖမ်းဆီးခွင့်အမိန့်(ဝရမ်း) မပါဘဲ အရေးပေါ် ဖမ်းဆီးထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။

Choi သည် ဆမ်ဆောင်း နှင့် ဟွန်ဒိုင်း ကဲ့သို့သော ကုမ္ပဏီများက ထည့်ဝင်လှူဒါန်းငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာဖြင့် ပါဝင်ဖွဲ့စည်းထားသော Mir နှင့် K-Sports ဖောင်ဒေးရှင်းကို ၎င်း၏ ကိုယ်ပိုင်အဖွဲ့ဖြင့် ပြုလုပ်ရန် ကြိုးပမ်းအားထုတ်ခြင်း ဖြင့် စွပ်စွဲခြင်းခံထားရသည်။

ထို့ပြင် Choi သည် ၎င်း၏ သမီးဖြစ်သူကို နာမည်ကျော်ကိုးရီးယားတက္ကသိုလ်ဝင်ခွင့်ရအောင် မလျော်သြဇာသုံး၍ ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.