Connect with us

Asia

ပါကစ္စတန် သင်္ဘောကျင်းတစ်ခု တွင် ပေါက်ကွဲမှုကြောင့် ၁၄ဦးထက်မနည်းသေ၊ ၅၉ဦးဒဏ်ရာရရှိ

ပါကစ္စတန် သင်္ဘောကျင်းတစ်ခု တွင် ပေါက်ကွဲခဲ့သည့် သင်္ဘောအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ် ရှိ သင်္ဘောကျင်းတစ်ခု ၌ နိုဝင်ဘာ ၁ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သင်္ဘောတစ်စီးအား ဖျက်စီးနေသည့် အလုပ်သမား ၁၄ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

Balochistan ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး Akbar Harifal က Balochistan ပြည်နယ် Hub ခရိုင် ရှိ Gadani သင်္ဘောကျင်း၌ သင်္ဘောတစ်စီးအား ဖျက်စီးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ် ဓါတ်ငွေ့အိုး ပေါက်ကွဲခဲ့ပြီး အဆိုပါ သင်္ဘော မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က သင်္ဘောကျင်း၌ ဆင့်ကဲပေါက်ကွဲမှု ၈ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ၎င်းတို့အနက် အချို့သည် ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်ဝန်ကြီး နာဝက်ဇ် ရှာရစ်ဖ် က အဆိုပါ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း နှင့် ဒဏ်ရာရရှိသူများအား အကောင်းမွန်ဆုံး ဆေးကုသမှုများ ပြုလုပ်ပေးရန် ဆေးရုံတာဝန်ရှိသူများအား ညွှန်ကြားခဲ့သည်။

Gadani သင်္ဘောကျင်းသည် ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးဆုံး သင်္ဘောဖျက်သည့် သင်္ဘောကျင်းတစ်ခုဖြစ်ပြီး Gadaniကမ်းခြေ ၁၀ကီလိုမီတာ တစ်လျှောက် တွင် သင်္ဘောဖျက်သည့် လုပ်ငန်းခွင် ၁၃၂ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.