Connect with us

Asia

မိုဒီနှင့် ပူတင် တွေ့ဆုံ၊ ပူးပေါင်းမှုဆိုင်ရာ သဘောတူလက်မှတ်များ ရေးထိုး

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒ္ဒြာ မိုရီ (ဝဲ) နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ယာ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂိုအာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၈ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒ္ဒြာ မိုဒီတို့သည် အောက်တိုဘာလ ၁၅ ရက်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်း အစည်းအဝေးသည် အိန္ဒိယ-ရုရှား ၁၇ ကြိမ်မြောက် နှစ်စဉ် ထိပ်သီး အစည်းအဝေးလည်း ဖြစ်သည်။

အစည်းအဝေးပြီးနောက် အမေရိကန် ဒေါ်လာ ၅ ဘီလီယံရှိသော S-400 “Triumpf” ဒုံးကျည် ကာကွယ်ရေး စနစ်များ ဝယ်ယူရေး၊ ခေတ်မီ စစ်သင်္ဘော လေးစင်း တည်ဆောက်ရေး၌ ပူးပေါင်းဆောင်ရွက်ရေးနှင့် Kamov ရဟတ်ယာဉ် တည်ဆောက်ရေးအတွက် ပူးတွဲ ထုတ်လုပ်ရေး အပါအဝင် သဘောတူညီမှု ၁၆ ခု လက်မှတ်ရေးထိုးပွဲသို့ နှစ်နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ခေတ်မီ မြို့ပြ စီမံကိန်းများ၊ သင်္ဘောတည်ဆောက်ခြင်း၊ ရေနံ သန့်စင်ခြင်းဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု၊ စွမ်းအင်၊ မြန်နှုန်းမြင့် ရထား၊ ဆိုက်ဘာ လုံခြုံရေးနှင့် အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်တွင် အထူး လေ့ကျင့်သင်တန်းများ ပေးခြင်းနှင့် အခြား သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ထို့နောက် နှစ်နိုင်ငံ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.