Connect with us

Asia

BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အိန္ဒိယသို့ ရောက်ရှိ

BRICS ထိပ်သီးအစည်းအဝေး လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂိုအာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ်သို့ အောက်တိုဘာလ ၁၅ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယခုနှစ် အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ်တွင် ပြုလုပ်မည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင်သည့် BRICS ထိပ်သီး အစည်းအဝေးသည် ၈ ကြိမ်မြောက် ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည် ဖြစ်သည်။BRICS ထိပ်သီး အစည်းအဝေး ပြီးဆုံးပြီးနောက် ဂိုအာ ကြေညာစာတမ်းအား ထုတ်ပြန်မည် ဖြစ်သည်။BRICS ထိပ်သီး အစည်းအဝေးသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ဘရာဇီး သမ္မတ မစ်ချယ် တီမာ၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမားတို့ တက်ရောက်မည် ဖြစ်သည်။

အထက်ပါ ခေါင်းဆောင် ငါးဦးသည် BRICS နိုင်ငံများ စီးပွားရေး ကောင်စီ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ BIMSTEC အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့၏ ခေါင်းဆောင်များနှင့်လည်းကောင်း ထိပ်သီးအစည်းအဝေး၌ ဆွေးနွေးပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။သမ္မတ ရှီသည် ထိပ်သီး အစည်းအဝေး တက်ရောက်ခြင်းနှင့်အတူ အခြားနိုင်ငံများ၏ ခေါင်းဆောင်အသီးသီးနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။ယခုနှစ်သည် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးဆဲ အဓိက ငါးနိုင်ငံ စုစည်းကာ BRICS ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ခဲ့သည့် ၁၀ နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်လည်း ဖြစ်သည်။ (Xinhua)