Asia
၂ဝ၂၅ ခုနှစ်တွင် ဗီယက်နမ်လူဦးရေ သန်း ၁ဝဝ ရှိလာမည်ဟု ခန့်မှန်းထား
ဟနွိုင်း ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ၏ လူဦးရေမှာ ဖြည်းဖြည်းမှန်မှန် ဆက်လက်တိုးတက်လျက်ရှိနေပြီး လာမည့် ၂ဝ၂၅ ခုနှစ်တွင် ခန့်မှန်းခြေ သန်း ၁ဝဝ ဦး ထိရှိလာနိုင်ကြောင်း ဗီယက်နမ်ပြည်သူ့ရေးရာမူဝါဒ နှင့် စီမံခန့်ခွဲမှုအဖွဲ့(IPPM) က ဇန်နဝါရီလ ၅ရက်တွင် သတင်းထုတ်ပြန်သည်။
ဗီယက်နမ်နိုင်ငံရှိ အိမ်ထောင်စုများသည် မိသားစုဝင်ဦးရေလျှော့ချရေး အတွက်လုပ်ဆောင်နေကြသဖြင့် ဗီယက်နမ်နိုင်ငံ၏ လူဦးရေ မွေးဖွားမှုနှုန်းမှာ ဖြည်းဖြည်းမှန်မှန်ဖြင့် ရပ်တည်နေကြောင်း ဟနွိုင်းမြို့အခြေစိုက် အမျိုးသားစီးပွားရေးတက္ကသိုလ်လက်အောက်ခံ IPPM အဖွဲ့ညွှန်ကြားရေးမှူး Giang Thanh Long က ပြောကြားကြောင်း ဒေသတွင်း Bao Dau Tu ( ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုသုံးသပ်မှု) သတင်းစာက ဇန်နဝါရီလ ၅ရက်တွင် ရေးသားဖော်ပြသည်။
ဗီယက်နမ်နိုင်ငံ၏ လူဦးရေသည် ရာစုနှစ်ဝက်တွင် သန်း ၁၁ဝ ထိရောက်ရှိနိုင်ရန် မျှော်လင့်ထားကြောင်း Long က ဆိုသည်။ ဗီယက်နမ်နိုင်ငံသည် သက်ရွယ်ကြီးရင့်သူများအတွက် အစီအစဉ်များကိုလုပ်ဆောင်ပေးနေသဖြင့် မကြာမီတွင် သက်ကြီးဦးရေများပြားသော နိုင်ငံတစ်နိုင်ဖြစ်လာနိုင်ခြေ ရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
“ လူဦးရေမွေးဖွားမှုနှုန်းတိုးတက်စေရေး” ဦးတည်ချက်သည် ဗီယက်နမ်နိုင်ငံ၌ လုပ်သားဦးရေတိုးပွားလာစေရန် အခွင့်အရေးတစ်ရပ်ဖြစ်သော်လည်း လူတစ်ဦးချင်း၏ စွမ်းဆောင်ရည် ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှု နှင့် ဝင်ငွေမြင့်မား အလုပ်အကိုင်ရရှိရေး တို့တွင် စိန်ခေါ်မှုများလည်း ရှိနိုင်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌ နောက်ဆုံးကောက်ယူခဲ့သော် စာရင်းများအရ ၂ဝ၁၆ ခုနှစ်တွင် လူဦးရေ ၉၂.၇ သန်း ရှိနေပြီး ၂ဝ၁၅ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၁.၀၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း အထွေထွေစာရင်းဇယားရုံး၏ ကိန်းဂဏန်းများအရ သိရသည်။ (XINHUA)