Connect with us

Asia

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခြင်းမရှိကြောင်း တောင်ကိုရီးယားပြောကြား

မြောက်ကိုရီးယားနိုင်ငံမှ စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်တစ်စင်း အား ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ပြသနေစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က မြောက်ကိုရီးယားနိုင်ငံ ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခြင်းမရှိကြောင်း နှင့် ယင်း ဒုံးကျည်သည် လေထဲ၌ပင် ပေါက်ကွဲသွားသည်ဟု ယုံကြည်ရကြောင်း မတ်လ ၂၂ ရက်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူတစ်ဦးက မြောက်ကိုရီးယားနိုင်ငံသည် အရှေ့ဘက် ကမ်းရိုးတန်း ရှိ Wonsan လေယာဉ်ကွင်း အနီးတွင် ဒုံးကျည်တစ်စင်းအား စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အောင်မြင်ခြင်းမရှိဟုယူဆရကြောင်း ဖုန်းဖြင့် ဖြေကြားခဲ့သည်။

ပြည်တွင်း သတင်းဋ္ဌာနများ၏ဖော်ပြချက်များအရ ဒုံးကျည်သည် မြေပြင်မှ မြင့်တက်လာပြီးနောက် လေထုထဲ အရောက်တွင် ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။

ယင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု သည် “Key Resove and Foal Eagle” ဟုနာမည်ဝှက်ပေးထားသော အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့် လုပ်ရပ်တစ်ခုပင်ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ နွေဦးကာလ စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားအား ကျူးကျော်ဝင်ရောက်စွက်ဖက်ရန် အကြိုပြင်ဆင်မှုများပင်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.