Connect with us

Asia

သမ္မတ ထရမ့်က တောင်ကိုရီးယားသမ္မတသစ် အမေရိကန်သို့လာရောက်ရန် ဖိတ်ကြား

တောင်ကိုရီးယားနိုင်ငံ၏ ရွေးကောက်ခံသမ္မတသစ် မွန်ဂျေအင် အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေအင် အား အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် အစောပိုင်းနေ့တစ်နေ့က ဖိတ်ကြားခဲ့ပြီး မွန်က ထရမ့်၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း အိမ်ဖြူတော်က မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မေလ ၁၀ ရက်နေ့တွင် သမ္မတ ထရမ့်က မွန်၏ ရွေးကောက်ပွဲအောင်မြင်မှု နှင့် ၎င်းတို့၏ ငြိမ်းချမ်းပြီး ဒီမိုကရေစီကျကျ အာဏာလွှဲပြောင်းနိုင်မှုအတွက် မွန် နှင့်တကွ တောင်ကိုရီးယား ပြည်သူများ အား ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်၌ပါရှိသည်။

နှစ်ဖက်ခေါင်းဆောင်များက အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံ မဟာမိတ်ဖွဲ့မှု ပိုမိုအားကောင်းလာစေရန် နှင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။

မွန်သည် တောင်ကိုးရီးယားသမ္မတသစ် အဖြစ် မေ ၁၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ရုပ်သံလိုင်းမှ ထုတ်လွှင့်သော သမ္မတ မိန့်ခွန်း၌ ၎င်းက ကိုရီးယားကျွန်းဆွယ်အတွင်း ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သင့်တော်သည့်အခြေအနေတွင် မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းမြို့ သို့ အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတသစ် က အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး စနစ် (THAAD) အရေးကိစ္စအား ဖြေရှင်းရန် အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံတို့ နှင့် ရိုးဖြောင့်စွာ ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အမေရိကန်တို့၏ ဒုံးကျည်ကြားဖြတ်တားဆီးရေး စနစ်၏ အစိတ်အပိုင်းများကို တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဒေသရှိ THAAD ဖွံ့ဖြိုးမှုနေရာသို့ ရွှေ့ပြောင်းပြီးဖြစ်ကာ THAAD ဆန့်ကျင်သူများ နှင့် ထိုဒေသတွင် နေထိုင်သူများက ပြင်းထန်စွာ ဆန္ဒပြကန့်ကွက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.