Connect with us

Asia

အိန္ဒိယ အနောက်ပိုင်း၌ မင်္ဂလာခန်းမ နံရံပြိုကျမှု ဖြစ်စဉ်အတွင်း လူ ၂၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၌ မင်္ဂလာခန်းမနံရံပြိုကျမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ မေ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Rajasthan ပြည်နယ်၌ မေလ ၁ဝ ရက် ညနေပိုင်းက မိုးသည်ထန်စွာရွာသွန်းခြင်း နှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် အုတ်နံရံတစ်ခု ပြိုကျမှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၂၂ ဦးသေဆုံးပြီး အခြား ၂၈ ဦးထိခိုက်ဒဏ်ရာ ရသွားကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက မေလ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

“ မေလ ၁ဝ ရက် ဒေသစံတော်ချိန် ည ၁ဝ နာရီ ၃ဝ လောက်မှာ ဖြစ်ပွားခဲ့တာပါ။ Bharatpur ခရိုင်က မင်္ဂလာခန်းမ တစ်ခုထဲမှာ မင်္ဂလာပွဲတက်လာတဲ့ ဧည့်ပရိသတ်အများကြီး ရှိနေတဲ့ အချိန်မှာ နံရံပြိုကျမှု ဖြစ်ပွားခဲ့တာပါ” ဟု ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ Anil Tank က ဆိုသည်။

“ အဲဒီနေရာတစ်ဝိုက်မှာ ရုတ်တရက် မိုးအကြီးအကျယ်ရွာသွန်းပြီး မိုးကြိုးတွေလည်း ပစ်ပါတယ်။ ပြီးတော့ နံရံပြိုကျသွားတာပါပဲ။ အဆောက်အအုံဘေးမှာ မိုးလာခိုနေကြတဲ့လူတွေလည်း ပြိုကျသွားတဲ့ အုတ်နံရံတွေကြားမှာ ပိတ်မိနေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အမျိုးသမီး ၇ ဦး နှင့် ကလေးငယ် ၄ ဦးအပါအဝင် လူပေါင်း ၂၂ ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်း ၊ ဒဏ်ရာရသူများကို ဆေးရုံသို့တင်ပို့ထားကြောင်း ၊ အချို့မှာ ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း ရဲအရာရှိက ဆိုသည်။

ပြည်နယ်ဝန်ကြီးချုပ် Vasundhara Raje က အသက်သေဆုံးသွားရသူများအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဒဏ်ရာရသူများကို သေချာကောင်းမွန်စွာ ဆေးကုသမှုပေးရန် တာဝန်ရှိသူများအား ညွှန်ကြားထားကြောင်း သိရသည်။

နံရံပြိုကျမှု နှင့်ပတ်သက်၍ စစ်ဆေးမှုတစ်ရပ် ပြုလုပ်သွားရန် အမိန့်ပေးထားပြီး ဖြစ်ကြောင်း ရဲအရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.