Connect with us

Asia

ဗီယက်နမ် သမ္မတ ခေတ်သစ်ပိုးလမ်းမကြီး ဖိုရမ် တက်ရောက်ရန် တရုတ်သို့ ထွက်ခွာ

ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang အား မေလ ၁၀ ရက်က ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် တွေ့ဆုံမေးမြန်းကြစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang နှင့် ဇနီးတို့သည် မေလ ၁၁ ရက်က တရုတ်နိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် စတင်ခဲ့ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ် ပိုးလမ်းမကြီး ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် ဗီယက်နမ် သမ္မတက ယခုလို လာရောက်လည်ပတ်ကာ ဖိုရမ် တက်ရောက်မည် ဖြစ်သည်။

Quang ၏ ခရီးစဉ်သည် နှစ်နိုင်ငံနှင့် အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေးအရှိန်အဟုန်အား ထိန်းသိမ်းခြင်း၊ နိုင်ငံရေး ယုံကြည်မှုနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ထိရောက်သည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး၊ တရုတ် စီးပွားရေးလုပ်ငန်းများအတွက် ဗီယက်နမ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ တွင်ကျယ်လာစေရေး စသည်တို့အတွက် ရည်ရွယ်ထားကြောင်း ဗီယက်နမ်နိုင်ငံပိုင်း သတင်းအေဂျင်စီ VNA က မေလ ၁၁ ရက်တွင် သတင်းတင်ပြထားသည်။

နိုင်ငံများနှင့် ဒေသ၏ ဘုံအကျိုးစီးပွားများတွင် စီးပွားရေးနှင့် ဒေသတွင်း ကွန်ရက် ချိတ်ဆက်မှု မြှင့်တင်ရာ၌ ဗီယက်နမ်က အားထုတ် ပံ့ပိုးသွားမည် ဖြစ်ကြောင်း VNA က ရေးသားထားသည်။

နှစ်ပေါင်းများစွာအကြာကတည်းက ဗီယက်နမ်နှင့် တရုတ်တို့သည် အဆင့်မြင့် ခရီးစဉ်များဖြင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အဆင့်မြှင့်တင်ရန် ထိန်းသိမ်းခဲ့ကြသည်။

ထို့ပြင် စီးပွားရေးနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍများစွာ၌ ဝန်ကြီးအဆင့်၊ ဒေသအဆင့် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ စာရင်းအင်းများအရ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၆ ခုနှစ် ပထမ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၈၇.၈ ဘီလီယံရှိကြောင်း၊ မနှစ်ကထက် ၁.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အလားတူကာလမှာပင် တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ တင်ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၃၂.၉၆ ဘီလီယံ ရှိခဲ့ကြောင်း တရုတ်နှင့် ကုန်သွယ်မှု လိုငွေမှာ ၃၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117