Connect with us

Asia

ဗဟိုအာဖရိကတွင်တာဝန်ထမ်းဆောင်ရင်း ပျောက်ဆုံးခဲ့သော ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့မှ ကမ္ဘောဒီးယားတပ်သားသုံးဦး၏ ရုပ်အလောင်းတွေ့ရှိ

ဗဟိုအာဖရိကနိုင်ငံ၌ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအစီအစဉ်ဖြင့် သွားရောက်တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားတပ်ဖွဲ့ ဝင်များကို ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးTea Banh ကလိုက်လံစစ်ဆေးနေစဉ် (ဆင်ဟွာ)

ဖနွမ်းပင် ၊ မေ ၁ဝ ရက် (ဆင်ဟွာ)

ဗဟိုအာဖရိကနိုင်ငံ (CAR) ၌ ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် ပျောက်ဆုံးလျက်ရှိနေသော ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့မှ ကမ္ဘောဒီးယားတပ်သား သုံးဦးစလုံးမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် ကမ္ဘောဒီးယားတပ်သားသေဆုံးမှုမှာ လေးဦးထိ ရှိသွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက မေလ ၁ဝ ရက်တွင် ပြောကြားလိုက်သည်။

“CAR မှာ မေလ ၈ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပျောက်ဆုံးသွားတဲ့ ကမ္ဘောဒီးယားငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် သုံးဦးရဲ့ ရုပ်အလောင်းကို အခင်းဖြစ်နေရာရဲ့ ၂ ကီလိုမီတာအကွာမှာ မေလ ၉ ရက်မှာ ပြန်ရှာတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကြေညာဖို့ကျနော်သိပ်ပြီး ဝမ်းနည်းရပါတယ် ” ဟု ကမ္ဘောဒီးယားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

မေလ ၉ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် Bangui မြို့တော် အရှေ့ဘက် ၄၇၄ ကီလိုမီတာအကွာရှိ Bangassou အနီး၌သူပုန်တပ်ဖွဲ့ဝင်များ၏ ခြုံခိုတိုက်ခဲ့သည့် လုပ်ရပ်အပေါ် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့က ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် တစ်ဦး နှင့် မော်ရိုကိုတပ်ဖွဲ့ဝင် ၇ ဦးအပါအဝင် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် မော်ရှိုကိုတပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း ကြေညာချက်တွင် ပါရှိသည်။

ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့က ခြုံပုတ်အတွင်း ပြေးဝင်ခဲ့သည့် သူပုန်တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိထားသဖြင့် ကျန်သူအားလုံးကို တရားခွင်သို့ပို့ဆောင်နိုင်ရန် တိုက်ခိုက်မှုတွင် ပါဝင်သူများကို သေချာစွာ ဖော်ထုတ်သွားရန် ဖြစ်နိုင်သမျှ နည်းလမ်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဗဟိုအာဖရိကနိုင်ငံ၌ ဖြစ်ပွားနေသောတိုက်ပွဲများကိုထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့တွင် ပူးတွဲ တာဝန်ထမ်းဆောင်ရန် ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၁၄ ခုနှစ်ကတည်းက တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၂၁၆ ဦး သွားရောက်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.