Asia
နီပေါနိုင်ငံ ကျန်းမာရေးဝန်ကြီးက COVID-19 ရောဂါ ဖြစ်ပွါးမှု ပြန်တိုးလာနေခြင်းအား သတိပေး
ခတ္တမန္ဒူ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)
နီပေါနိုင်ငံ ကျန်းမာရေးဝန်ကြီး Hridayas Tripathi က ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ထိထိရောက်ရောက် မပြဌာန်းပါက နီပေါနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှုများ ပြန်တိုးလာနေခြင်းသည် ယခုနှစ် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လအစောပိုင်းကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
နီပေါနိုင်ငံ အောက်လွှတ်တော်၌ ပြောကြားရာတွင် နီပေါနိုင်ငံ ကျန်းမာရေးဝန်ကြီး Hridayas Tripathi က သံသယဖြစ်ဖွယ် COVID-19 လူနာများအား အချိန်မီဖော်ထုတ်ရန် နှင့် Quarantine စင်တာများသို့ COVID-19 ရောဂါကူးစက်ခံရသည်ဟု သံသယဖြစ်ဖွယ် လူနာများအား ပို့ဆောင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။နီပေါနိုင်ငံ၌ အစောပိုင်းကာတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု လှိုင်းနှစ်ခုအား ကြုံတွေ့ခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)
——————————————
(English Version)
Nepali health minister warns of resurging COVID-19 cases
KATHMANDU, April 6 (Xinhua) — Nepali Health Minister Hridayas Tripathi on Monday warned that the resurging cases of COVID-19 in Nepal could reach to its highest point in the period from late June to early July this year, if the health protocols were not enforced effectively.
Speaking at Nepal’s House of Representatives, Tripathi stressed on the need of timely identifying the suspected cases of COVID-19 and sending people suspected of being infected with COVID-19 into quarantine centers. According to the health ministry, Nepal had earlier witnessed two waves of coronavirus spread. Enditem