Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် ဆာရိုဂျာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၆၈ ဦးထက်မနည်းသေဆုံးပြီး ၇၀ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားနေသည်ကို ဧပြီ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- BNPB/Xinhua)

ဂျကာတာ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် ဆာရိုဂျာ (Seroja) အပူပိုင်းဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၆၈ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးလျော့ပါးရေးအေဂျင်စီက ဧပြီ ၅ ရက် မွန်းလွဲပိုင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူများမှာ အရှေ့ဖလော်ရက်စ်၊ လမ်ဘာတာ၊ အန်းဒဲနှင့် အာလော် စသည့်ခရိုင်များမှဖြစ်ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Raditya Jati က ပြောခဲ့သည်။
ဧပြီ ၄ ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များတွင်လည်း လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၂,၆၀၀ ဦး ဘေးအန္တရာယ်သင့်ခဲ့ကာ နေအိမ်များ၊ လမ်းများနှင့် တံတားများ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူ ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့နျူဆာတန်ဂါရာပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားနေသည်ကို ဧပြီ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- BNPB/Xinhua)

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်းနှင့် ဝန်ကြီးဌာနများ၊ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ဆက်စပ်သော အာဏာပိုင်အဖွဲ့များကိုလည်း ၎င်းဧရိယာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုပညာနှင့် ဘူမိဗေဒဆိုင်ရာ အေဂျင်စီက နိုင်ငံအတွင်း ဒေသများ၌ မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းများ ကဲ့သို့သော ထူးခြားမိုးလေဝသ အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————————
(English Version)

At least 68 killed, 70 missing as Tropical Cyclone Seroja batters Indonesia’s East Nusa Tenggara province

JAKARTA, April 5 (Xinhua) — At least 68 people were killed and 70 others still missing in floods and landslides triggered by Tropical Cyclone Seroja in Indonesian province of East Nusa Tenggara, the country’s disaster mitigation agency said at a press conference Monday afternoon.

Those killed in the disasters were from the province’s districts of East Flores, Lembata, Ende and Alor, spokesman of the National Disaster Management Agency Raditya Jati said.

The disasters that occurred early on Sunday also injured at least 15 people, affected 2,600 others and destroyed houses, roads and bridges, the official said.
President Joko Widodo has expressed his condolences to the victims and asked several ministries, the military, the national police and relevant authorities to carry out immediate evacuation in the area.

The country’s Meteorological, Climatology and Geophysics Agency has said that the extreme weather such as heavy rains, strong winds and huge waves may occur in parts of Indonesia. Enditem

1-2 Photo provided by Indonesia’s National Disaster Management Agency (BNPB) on April 4, 2021 shows landslide in East Nusa Tenggara, Indonesia. (Photo by BNPB/Xinhua)