Connect with us

Asia

အိန္ဒိယနိုင်ငံတွင် တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် Mumbai high ရေနံမြေတွင် လူပေါင်း ၁၂၇ ဦးပျောက်ဆုံးနေ

နယူးဒေလီ၊ မေ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံရှိ Mumbai high ရေနံမြေတွင် တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် လှေအမှတ် ၃၀၅ ဖြင့် လိုက်ပါသွားသူများအနက် ၁၂၇ ဦးမှာ ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက မေ ၁၈ ရက်၌ ပြောကြားခဲ့သည်။စိန်ခေါ်မှုရှိနေသည့် အခြေအနေများကြားမှ ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် Somenath ခရိုင်၊ Veraval မြို့တွင် ပင်လယ်ရေပြင်၌ ငါးကွန်ပစ်နေသည့် တံငါသည်တစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ- Xinhua/Stringer)

အဆိုပါ လှေအမှတ် ၃၀၅ ပေါ်တွင် လူပေါင်း ၂၇၃ ဦး လိုက်ပါသွားကြောင်း သတင်းများက ဆိုသည်။Mumbai high သည် မွမ်ဘိုင်းမြို့ အနောက်ဘက်ကမ်းရိုးတန်းမှ ၁၇၆ ကီလိုမီတာအကွာတွင်ရှိသော ကမ်းလွန်ရေနံမြေတစ်ခု ဖြစ်သည်။

အိန္ဒိယ ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူက လူမှုမီဒီယာတွင် တင်ခဲ့သော ထုတ်ပြန်ချက်၌ “အခင်းဖြစ်ပွားရာနေရာ၌ နစ်မြုပ်နေသော လှေအမှတ် P305 မှ ဝန်ထမ်း ၁၄၆ ဦးအား ကယ်ဆယ်နိုင်ခဲ့တယ်။ ရေတပ်ရဟတ်ယာဉ်တွေကလည်း ဆိုးဝါးတဲ့ရာသီဥတုအခြေအနေ ကောင်းမွန်ချိန်ကို စောင့်ဆိုင်းနေပါတယ်” ဟု ဖော်ပြထားသည်။

အဆိုပါ လှေသည် ဂူဂျာရတ် ကမ်းရိုးတန်းတွင် တစ်နာရီလျှင် ၁၈၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်သော အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မကျရောက်မီ နာရီအနည်းငယ်အကြာက မျောနေခဲ့ခြင်းဖြစ်သည်။ (Xinhua)

#India, #Tauktae, #Cyclone, #Xinhua, #Myanmar, #XinhuaMyanmar, #အိန္ဒိယ, #တောက်တဲ့, #ဆိုင်ကလုန်း, #ဆင်ဟွာ

——————————————————-
(Chinese Version)

127 people missing at Mumbai high after cyclone Tauktae hits India

NEW DELHI, May 18 (Xinhua) — At least 127 people who were on board Barge 305 that first went adrift and subsequently sunk at Mumbai high in India are reported missing after cyclone Tauktae hit that area, officials said Tuesday.

According to the officials, the search for the missing people is underway despite challenging conditions.
Reports said 273 people were onboard P305 barge.

Mumbai high is an offshore oilfield 176 km off the west coast of Mumbai.
A brief statement posted on social media by the Indian navy spokesperson says “146 personnel rescued so far from barge P305 which is sunk on site. Navy Helos standing by await improving of extreme weather conditions.”

The barge went adrift hours before a very severe cyclonic storm with winds gusting up to 185 km per hour made landfall on the Gujarat coast. Enditem

A fisherman throws a fishing net towards the over-flooded sea water at Veraval, a city in Somenath district of India’s western state of Gujarat on May 17, 2021. (Xinhua/Stringer)