ဆိုးလ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ်ကုန်ပိုင်းတွင် လာရောက်လည်ပတ်ရန် ရည်မှန်းထားသော မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်၏ ခရီးစဉ်အတွက် ပြင်ဆင်နေကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်က ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် ပြောကြားလိုက်သည်။
ဟောင်ကောင်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Sapad မြို့ အရှေ့တောင်ဘက် ၆ကီလိုမီတာ အကွာတွင် နိုဝင်ဘာ ၄ရက် ဂရင်းနစ်စံတော်ချိန် ရး၅၅း၂၉နာရီတွင် အင်အား ၆.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ ကပြောကြားခဲ့သည်။
ဂျကာတာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆူမတြားပြည်နယ် အနောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် လူ ၂ ဦးသေဆုံးပြီး အခြားသူ ၃၀၀ ခန့် ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၃ ရက်တွင် ပြောကြားလိုက်သည်။
ဆိုးလ်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အားကစားဆွေးနွေးပွဲများအား နိုဝင်ဘာလ ၂ ရက်တွင် စီစဉ်ထားသည့်အတိုင်း စတင်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ မီဒီယာမှ စုပေါင်းထုတ်ပြန်သော သတင်းအရ သိရသည်။
တိုကျို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Kii ကျွန်းဆွယ်ရှိ ဝါကာရာမစီရင်စု ၌ ကနဦးတိုင်းထွာချက်များအရ အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက နိုဝင်ဘာ ၂ရက်တွင်ပြောကြားခဲ့သည်။
ကိုလံဘို၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena သည် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် နိုဝင်ဘာလ ၅ ရက်တွင် လွှတ်တော်ကို ဆင့်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ်သစ် Mahinda Rajapakse က နိုဝင်ဘာလ ၁ ရက်တွင်...
အေကာတာ ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ)
ဘန်ကောက် ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ယခုနှစ် ဇူလိုင်လက နည်းပြတစ်ဦးအပါအဝင် ထိုင်းလူငယ်ဘောလုံးသမား ၁၂ ဦး ပိတ်မိနေခဲ့သော ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကျောက်ဂူမှာ ခရီးသွားများဆွဲဆောင်ရာ ကမ္ဘာ့အဆင့်မီ နေရာတစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်သည်။
နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ယနေ့ အောက်တိုဘာလ ၃၁ ရက်၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
မနီလာ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအဓိကကျွန်းဖြစ်သော လူဇုံကျွန်းရှိ Isabela ပြည်နယ်အတွင်း အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း Yutu ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကမ္ဘာ့လေထု၊ ဘူမိရူပဗေဒဆိုင်ရာနှင့် နက္ခတ်ဗေဒဆိုင်ရာလုပ်ငန်း အုပ်ချုပ်ရေး (PAGASA) က ပြောကြားလိုက်သည်။