Connect with us

Asia

တရုတ်နိုင်ငံ၏ ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ကျန်းမာရေးသုံး အထောက်အပံ့ပစ္စည်းများ အီရန်နိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ ပေးလှူသော နှာခေါင်းစည်းသေတ္တာပုံးများအား ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက လှူဒါန်းသော ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျန်းမာရေးသုံး အထောက်အပံ့ပစ္စည်းများ ပထမအသုတ်အနေဖြင့် အီရန်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ကြောင်း အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချန်းဟွာက ပြောကြားခဲ့သည်။

“ကျန်းမာရေးသုံးပစ္စည်း ပထမအသုတ် အီရန်ကို ရောက်ရှိပါပြီ။ နောက်ထပ် အကူအညီတွေလည်း ပေးဦးမှာပါ။ အီရန် အားတင်းထားပါ” ဟု ချန်းက ပါရှားဘာသာစကားဖြင့် တွစ်တာ၌ရေးသားထားသည်။

တရုတ်နိုင်ငံက အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စမ်းသပ်ရှာဖွေရေးအတွက် ဓာတ်ခွဲခန်းသုံးကိရိယာအစုံ ၂၀,၀၀၀ ခု ပေးအပ်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အာဘတ်စ် မော်ဆာဗီ (Abbas Mousavi) က ယင်းနေ့မတိုင်မီတွင် ကြေညာခဲ့သည်။

“အီရန်နိုင်ငံရှိ တရုတ်နိုင်ငံ သံရုံးနဲ့ တရုတ် ကုမ္ပဏီတွေက လှူဒါန်းသော ကိုရိုနာဗိုင်းရပ်စ်ရောဂါရှာဖွေရေး ကိရိယာ ၅,၀၀၀ ခုကို အီရန်ဘက် ပို့ဆောင်ပေးခဲ့ပြီးပါပြီ” ဟု ချန်းက ဖေဖော်ဝါရီ ၂၆ ရက်က ပြောခဲ့သည်။

ထို့ပြင် အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက အီရန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု တိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်စေရန် နှာခေါင်းစည်း ၂၅၀,၀၀၀ ခုအား အီရန် ကျန်းမာရေးနှင့် ဆေးပညာဝန်ကြီးဌာနထံ ပေးအပ်ခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117