ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် (Najib Razak) သည် နိုင်ငံတော်ရန်ပုံငွေ 1MDB နှင့် ဆက်စပ်၍ စွဲချက်သစ် ၂၀ ကျော် နှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ပြုံယမ်း၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) လက်ရှိ တောင်-မြောက်ကိုရီးယား ဆက်ဆံရေးကို အထူး ကျေနပ်အားရကြောင်း ၊ နှစ်နိုင်ငံဆက်ဆံ ရေး ပိုမို လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် ထဲထဲဝင်ဝင်ဆွေးနွေး ဖလှယ်သွားမည်ဖြစ်ကြောင်း တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တို့က စက်တင်ဘာ ၁၈ ရက် ပြုံယမ်းတွင်ကျင်းပသည့် ထိပ်သီး အစည်းအဝေးတွင်...
တိုကျို ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Miyagi စီရင်စု Sendaiမြို့ရှိ ရဲစခန်းတစ်ခုတွင် စက်တင်ဘာ ၁၉ ရက်က ဓားကိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochitstan ပြည်နယ် တွင် စက်တင်ဘာ ၁၈ ရက်က တရားမဝင် အစိုးရဆန့်ကျင်ရေး စစ်သွေးကြွအဖွဲ့များစွာ မှ အဓိက အဖွဲ့ခေါင်းဆောင်များအပါအဝင် အနည်းဆုံး စစ်သွေးကြွ ၂၆၅ဦး အစိုးရထံ လက်နက်ချ ခဲ့ကြောင်း ပြည်တွင်းမီဒီယာက...
ဘန်ကောက်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် မန်ကွတ် (Mangkhut) တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီး မြေပြိုကျမှုကြောင့် အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း မြောက်ပိုင်း မဲ့ဟောင်ဆန် (Mae Hong Son) ပြည်နယ် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားခဲ့သည်။
ပြုံယမ်း ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ်တို့သည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားဖျက်သိမ်းရေး နည်းလမ်းများအတွက် ပထမဆုံးအကြိမ်အဖြစ် သဘောတူညီမှုရရှိခဲ့ကြောင်း ပြုံယမ်းမြို့၌ ပြုလုပ်သည့် ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတွင် တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က ပြောကြားခဲ့သည်။(Xinhua)
တီဟီရန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အလယ်ပိုင်း Isfahan ပြည်နယ်တွင် မီးလောင်လွယ်သော ပစ္စည်းများ သယ်ဆောင်လာသော နောက်တွဲယာဉ်တစ်စီးနှင့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိုက်မိရာ လူ ၂၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တစ်စိတ်တစ်ပိုင်းတာဝန်ရှိသူက ISNA သတင်းအေဂျင်စီက စက်တင်ဘာလ ၁၈ ရက်တွင် ပြောကြားလိုက်သည်။
ဘန်ကောက်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူသည် စက်တင်ဘာလ လဆန်းပိုင်းအထိ ဆိုလျှင် ၅ သောင်းကျော်ရှိပြီး ၎င်းတို့အနက် ၆၉ ဦး သေဆုံးခဲ့ကြောင်း ဘန်ကောက်မြို့ ကျန်းမာရေး ဦးစီးဌာန၏အသစ်ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။ မြို့တော်ဘန်ကောက်တွင် အခြေအနေဆိုးဝါးလျက်ရှိရာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၉၀၀ ခန့် တွေ့ရှိရပြီး...
မနီလာ ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) မန်ကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၆၆ ဦးရှိပြီး ၅၂ ဦး ပျောက်ဆုံးနေ ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့၏ စက်တင်ဘာလ ၁၇ ရက်နေ့ သတင်းများအရသိရသည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုက စက်တင်ဘာ ၁၇ ရက် နှောင်းပိုင်းတွင် ထိုင်းဘတ် ၂.၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၇၆.၇ သန်း) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ (မတ်အက်ဖာတမင်း) နှင့် ဘိန်ဖြူများကို ထိုင်းနိုင်ငံ၏ အလယ်အထက်ပိုင်း ဆူခိုထိုင်းပြည်နယ်(Sukhothai)တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။