Connect with us

Asia

၂၀၂၀ ပြည့်နှစ်မှ စ၍ အန်းကောဝပ် ရှေးဟောင်းနယ်မြေတွင် ဆင်စီးခွင့်တားမြစ်မည် 

ကမ္ဘောဒီးယားနိုင်ငံ အန်းကောဝပ် ဘုရားကျောင်းဝင်းအတွင်း ဆင်တစ်ကောင်အားတွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် လာမည့် ၂၀၂၀ပြည့်နှစ်မှ စတင်ကာ နိုင်ငံအနောက်မြောက်ပိုင်း စီယံရိဒ်ပြည်နယ်(Siem Reap)ရှိ အန်းကောဝပ် ရှေးဟောင်း ဘုရားကျောင်း နယ်မြေတွင် ဆင်စီးနင်းခွင့် ပြုတော့မည်မဟုတ်ကြောင်း ဘုရားကျောင်းစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Long Kosal က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အာဏာပိုင်အဖွဲ့အနေဖြင့် အဆိုပါ ရှေးဟောင်းနယ်မြေကို ကာကွယ်ရန် နှင့် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။“ အန်းကောရှေးဟောင်းနယ်မြေထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေကို လိုက်လံပို့ဆောင်ပေးနေတဲ့ ဆင် ၁၄ ကောင် ရှိပါတယ်။ အဲဒီထဲက ဆင် ၂ ကောင်ကို နိုဝင်ဘာ ၁၄ ရက်မှာ ဘေးမဲ့တောထဲကို ပြန်ပို့ပေးလိုက်တယ်” ၊ “ ကျန်နေတဲ့ ဆင်တွေကိုလည်း ဒီနှစ်အကုန်မှာ ဘေးမဲ့တောထဲကို  အားလုံးရောက်အောင် ဆက်လက်ပို့ဆောင်သွားမှာပါ ”  ဟု  Kosal က ဆင်ဟွာသတင်းဌာန သို့ပြောကြားခဲ့သည်။ 

“ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက စလို့ အန်းကောဘုရားကျောင်းဝင်းထဲမှာ ဆင်စီးလည်ပတ်တာတွေ လုံးဝရှိတော့မှာ မဟုတ်ဘူး။ အဲဒီဆင်တွေကို သူတို့ရဲ့ သဘာဝအတိုင်း တောထဲမှာ ရှင်သန်နေထိုင်သွားစေချင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။အန်းကောရှေးဟောင်းနယ်မြေတွင် ခရီးသွားများ လှည့်လည်ကြည့်ရှုရန် ပြီးခဲ့သော နှစ်များစွာက ဆင်စီးနင်းခွင့်ပြုခဲ့ကြောင်း ၊ ယင်းမှာ ခရီးသွားများအတွက် အမှတ်တရများစွာ ထင်ကျန်ရစ်စေကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ဆင်များကို တောထဲသို့ ပြန်ပို့ပြီးနောက်တွင်လည်း တောရိုင်းတိရစာ္ဆန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက ၎င်းဆင်များကို ဆက်လက် ဂရုစိုက်ကြည့်ရှုသွားမည်ဖြစ်ကြောင်း Kosal က ပြောသည်။အန်းကောဝပ်ရှေးဟောင်းနယ်မြေသည် ၁၉၉၂ ခုနှစ်တွင် ယူနက်စကို ကမာ္ဘ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့ပြီး ကမော္ဘဒီးယားနိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာတစ်ခု ဖြစ်သည်။၂၀၁၉ ခုနှစ် ပထမ ၁၀ လအတွင်း ဘုရားကျောင်းနယ်မြေသို့ ကမာ္ဘလှည့်ခရီးသွား ၁.၈ သန်းဝင်ရောက်ခဲ့ကြောင်း ၊ ယင်းတို့အနက် တရုတ်ခရီးသွား ၇၄၈,၈၈၄ ဉီးထိ ရှိခဲ့ကြောင်း နှင့် ဝင်ကြေးလက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၈၀.၇ သန်းအထိ ရရှိခဲ့ကြောင်း အစိုးရထုတ်ပြန်သော အချက်အလက်အရ သိရသည်။(Xinhua)