Connect with us

Asia

ထိုင်းလေဆိပ် ၆ ခုကို အဆင့်မြှင့်တင်ရန် ကန်ဒေါ်လာ ၁၂.၉၈ ဘီလီယံ အသုံးပြုမည်

ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက် )

ဘန်ကောက် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံက ၎င်းတို့၏ ၂၀၁၇-၂၀၃၃ ခုနှစ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံအတွင်းရှိ လေဆိပ် ၆ ခုကို အဆင့်မြှင့်တင်ရန် ထိုင်းဘတ်ငွေ ၃၉၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၂.၉၈ ဘီလီယံ) အသုံးပြုသွားမည်ဖြစ်ကြောင်း နိုင်ငံ၏လေဆိပ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က နိုဝင်ဘာ ၁၆ ရက်တွင် သတင်းမီဒီယာများအား အသိပေးပြောကြားခဲ့သည်။

“ဘတ်ဂျက်ငွေအသုံးပြုမှုအတွက် ထိုင်းလေဆိပ်များ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့(AOT) က အတည်ပြုပြီးပါပြီ” ဟု AOT ဉက္ကဌ Nitinai Sirismatthakarn က ဆိုသည်။ “ လေဆိပ် ၆ ခုကို ခရီးသည် ၂၄၃.၇ သန်းအထိ ဝင်ရောက်နိုင်အောင် တိုးမြှင့်ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်” ဟု ၎င်းကဆိုသည်။

“ အဲဒီဘတ်ဂျက်အသုံးထဲမှာ သုဝဏ္ဏဘုမ္မိလေဆိပ် မြောက်ဘက်အခြမ်း ခရီးသည် အဝင်အထွက် စင်္ကြံ တည်ဆောက်ရေး စီမံကိန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်” ။  “ အဲဒီစင်္ကြံသစ်ဟာ လေဆိပ်ကြီးကို  တစ်နှစ်မှာ နောက်ထပ် ခရီးသွား သန်း ၄၀ တိုးမြှင့် ဝင်ထွက်နိုင်အောင် တွန်းအားပေးနိုင်ပါလိမ့်မယ်” ဟူ၍လည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ခွင့်ပြုဘတ်ဂျက်ငွေ (အမေရိကန်ဒေါ်လာ ၁၂.၉၈ ဘီလီယံ) ထဲတွင် ဒွန်မောင်းလေဆိပ်ဟောင်း၏ တည်ဆောက်ရေး စီမံကိန်း သုံးခု နှင့် ချင်းမိုင်လေဆိပ်၏ တည်ဆောက်ရေး စီမံကိန်း ၂ ခု အတွက်ပါ အပါအဝင်ဖြစ်ကြောင်း သိရသည်။

AOTက အဆင့်မြှင့်တင်မှုပြုလုပ်မည့် လေဆိပ် ၆ ခုမှာ ချင်းမိုင်လေဆိပ် ၊ နိုင်ငံမြောက်ပိုင်းရှိ Mae Fa Luang လေဆိပ် ၊ ဒွန်မောင်း လေဆိပ် ၊ သုဝဏ္ဏဘုမ္မိလေဆိပ် ၊ ဖူးခတ်လေဆိပ် နှင့် နိုင်ငံတောင်ပိုင်းရှိ Hat Yai လေဆိပ်တို့ ဖြစ်ကြောင်း သိရသည်။(Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.