တိုကျို ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) အမှတ်(၇) တိုင်ဖုန်းမုန်တိုင်းသည် ယခုရက်သတ္တပတ်အစောပိုင်းတွင် ဂျပန်နိုင်ငံ Okinawa စီရင်စု ဝင်ရောက်ပြီး မြောက်ဘက်သို့ ရွေ့လျားတိုက်ခတ်ခဲ့ရာ ဇူလိုင် ၄ ရက်အထိ တိုင်ဖုန်မုန်တိုင်းကြောင့် ဂျပန်တွင် လူ ၁ ဦးသေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့သည့်အပြင် Okinawa စီရင်စုရှိ...
ပြုံယမ်း ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား ဘတ်စကက်ဘောအသင်း တို့သည် နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ပထမဆုံး ချစ်ကြည်ရေးကစားပွဲအဖြစ် ယနေ့ဇူလိုင် ၄ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ကွာလာလမ်ပူ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ အစိုးရရှေ့နေများက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို နိုင်ငံပိုင်ရံပုံငွေကို အလွဲသုံးစားပြု၍ ယုံကြည်မှုကို ဖောက်ဖျက်မှုသည့် ပြစ်မှုဖြင့် ယနေ့ဇူလိုင် ၄ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
ချင်းရိုင်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ကယ်ဆယ်ရေးသမားများသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ဂူအတွင်း ဆယ်ရက်ကျော်ကြာ ပိတ်မိနေသော ယောကျ်ားလေး ၁၂ ယောက်နှင့် ၎င်းတို့၏ နည်းပြအား ဇွန်လ ၃ ရက် ညလယ်ပိုင်းတွင် ဂူအတွင်း လုံခြုံသည့် နေရာသို့ ခေါ်ဆောင်သွားမည် ဖြစ်ပြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက...
ဂျာကာတာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ၌ ဇူလိုင် ၃ ရက်တွင် ရစ်ချ်တာစကေး ၆.၀ ပမာဏရှိ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း၊ သို့ရာတွင် ဆူနာမီ ဖြစ်ပွားနိုင်ခြင်းမရှိကြောင်း မိုးလေဝသ နှင့် ဘူမိဗေဒ ဌာန က ပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်အား ယနေ့ဇူလိုင် ၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆိုသည်။
မနီလာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Luzon ကျွန်းရှိ Batangas ပြည်နယ်တွင် ပြင်းအား ၅.၅ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မီးတောင်ပညာနှင့် ငလျင်ပညာ အဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။
ကွာလာလမ်ပူ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရားမဝင်ရွှေ့ပြောင်းသူများအား တင်ဆောင်လာသည့် ရေယာဉ်တစ်စီး မလေးရှားနိုင်ငံ တောင်ပိုင်း Johorပြည်နယ် အနီး ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့ရာ လူ ၂၅ ဦးအား ကယ်ဆယ်နိုင်ပြီး ၁ ဦး သေဆုံးကြောင်း မလေးရှား ရေကြောင်းအာဏာပိုင်အဖွဲ့အစည်း (MMEA)က ဇူလိုင်လ ၂...
နယူးဒေလီ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဇူလိုင်လ ၃ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူကူးတံတားတစ်စင်း ပြိုကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ရာတစ်ခု၏ ဝင်းနံရံ ပြိုကျခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ က ဇူလိုင် ၃ ရက်တွင်ပြောကြားခဲ့သည်။