ကိုလံဘို၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမြို့ အပြင်ဘက် ရှိ စွန့်ပစ်အမှိုက်ပုံတစ်ခု ပြိုကျခဲ့သည့် နေရာမှ လူသေအလောင်း ၁၀လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံအာဏာပိုင်များက ဧပြီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်း၏ ၁၀၅ နှစ်ပြည့်မြောက်သည့် မွေးနေ့ပွဲအား ယနေ့ (ဧပြီလ ၁၅ ရက်) တွင် မြောက်ကိုရီးယားနိုင်ငံတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဒါကာ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ ကော်မရှင်နာမင်းကြီး Anwar Choudhury အား ၂၀၀၄ခုနှစ်တွင် လက်ပစ်ဗုံးဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သော စစ်သွေးကြွအုပ်စုခေါင်းဆောင် တစ်ဦးနှင့် နောက်လိုက် နှစ်ဦးတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဧပြီ ၁၂ ရက်တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ စင်းလုံးငှားလေယာဉ်များဖြင့် သွားရောက်ရန် စာရင်းပေးထားသော ထိုင်းခရီးသည် ၁၀၀၀ကျော်သည် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဧပြီလ ၁၁ ရက် ညပိုင်းတွင် ရောက်ရှိလာပြီးနောက် ခရီးသွားလုပ်ငန်းတစ်ခုမှ ၎င်းတို့အား လိမ်လည်သွားခြင်းဖြစ်သည်ကို သိရှိခဲ့ကြကြောင်း သိရသည်။
ဒါဗာအို စီးတီး၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသများ တွင် ဧပြီ ၁၂ ရက် က ရစ်ချ်တာစကေး ၆.၀ အဆင့် ရှိသည့် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ငလျင်ပညာရှင်များက ပြောကြားခဲ့သည်။
Pohang ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ Pohang ၌ ဧပြီလ ၁၁ ရက်က ပြုလုပ်ခဲ့သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပစိဖိတ်စစ်ဆင်ရေး(Operation Pacific) မြင်ကွင်း ဓာတ်ပုံအချို့ကို ဖော်ပြပေးလိုက်သည်။ (Xinhua)
ဘန်ကောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ လွှတ်တော် အဆောက်အအုံ၌ ထိုင်းဘာသာဖြင့် ပြန်လည်ထုတ်ဝေထားသော “ရှီကျင့်ဖိန်: တရုတ်နိုင်ငံခေါင်းဆောင်” စာအုပ် အား ဧပြီလ ၇ ရက်နေ့က ဖြန့်ချိခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အဆင့်မြှင့်တင်ရန် ဧပြီလ ၇ ရက်က သဘောတူခဲ့ကြောင်း သိရသည်။
အစ္စလာမာဘတ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး တိုးမြှင့် လုပ်ဆောင်သွားရန် ဧပြီလ ၅ ရက်က သဘောတူညီခဲ့ကြောင်း သိရသည်။
ဒမတ်စကက်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ လေတပ်အခြေစိုက် စခန်းတစ်ခုကို အမေရိကန်နိုင်ငံက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ဆီးရီးယား စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ဖွဲ့က ပြောကြားခဲ့သည်။