Connect with us

Asia

ပါကစ္စတန် မဲရုံအနီး အသေခံဗုံးပေါက်ကွဲ၍ လူ ၂၂ဦးသေ၊ ၂၀ကျော် ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ ရှိ မဲရုံတစ်ခုအနီးတွင်လုံခြုံရေးစောင့်ကြပ်နေသည့် စစ်ကားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့ရှိ မဲရုံတစ်ရုံ အနီးတွင် ဇူလိုင် ၂၅ရက်က အသေခံဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ဦးသေဆုံးပြီး အခြားလူ ၂၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

မြို့နယ်ရဲမှူး က နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် မြို့တော် Quetta မြို့၏ အရှေ့ပိုင်းဧရိယာ တစ်ခုရှိ မဲရုံအနီး တွင် ရဲကားတစ်စီးအား ဆိုင်ကယ်စီးနင်းလာသော အသေခံဗုံးခွဲသမားက တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးအဖွဲ့များ နှင့် လုံခြုံရေးတပ်ဖွဲ့များ အလျင်အမြန်ရောက်ရှိလာပြီး ရုပ်အလောင်းများကို နေရာပြောင်းရွှေ့ပြီး ဒဏ်ရာရရှိသူများအား ဆေးရုံးတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆေးရုံတာဝန်ရှိသူများ က ဒဏ်ရာရရှိသူအများအပြားမှာ အခြေအနေစိုးရိမ်ရ၍ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်းပြောကြားခဲ့သည်။

မြို့အတွင်းရှိ ဆေးရုံအားလုံးတွင် အရေးပေါ်အခြေအနေကြေညာထားကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံသားများသည် ဗဟိုအစိုးရ နှင့် ပြည်နယ်အစိုးရအသစ်များ ရွေးကောက်တင်မြှောက်ရန် အထွေထွေရွေးကောက်ပွဲအတွက် ဇူလိုင် ၂၅ရက် နံနက်ပိုင်း တွင် စတင် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်းပြုလုပ်ခဲ့သော လနှင့်ချီကြာမြင့်သည် မဲဆွယ်ပွဲများအတွင်း အမျိုးမျိုးသော အကြမ်းဖက်မှုများကြောင့် ကိုယ်စားလှယ်လောင်း ၃ဦးအပါအဝင် လူ ၁၈၀ဦးကျော် သေဆုံးခဲ့ပြီး အခြားလူ ၂၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.