Connect with us

Asia

ပါကစ္စတန်တွင် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးမှု စတင်


အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၏ တစ်ရက်တာ အထွေထွေရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးမှု အား ဇူလိုင် ၂၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ဆန္ဒမဲပေးသူများသည် နိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် တည်ငြိမ်အေးချမ်းမှု ရရှိနိုင်ရန် ရည်ရွယ်ချက်များဖြင့် နောင် ၅နှစ်တာကာလအတွင်း အစိုးရသစ်ကို ရွေးချယ်တင်မြှောက်ရန် ဇူလိုင် ၂၅ ရက်တွင် မဲရုံများဆီသို့ လာရောက်၍ စတင် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ပါကစ္စတန်တွင် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးမှု အတွက် ပြင်ဆင်နေပုံများအား တွေ့ရစဉ် (ဆင်ဟွာ)

ပါကစ္စတန်တွင် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးမှု အတွက် ပြင်ဆင်နေပုံများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန္ဒမဲပေးမှုအား ဒေသစံတော်ချိန် နံနက် ၈နာရီမှ စတင်၍ ဆက်တိုက်ခွင့်ပြုသွားမည်ဖြစ်ပြီး ညနေ ၆နာရီတွင် မဲပေးမှု ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင် (ECP) က အပြီးသတ်ရွေးချယ်ထားသည့် အမျိုးသားလွှတ်တော် ၏ ကိုယ်စားလှယ်နေရာ ၂၇၂နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သူ ၃,၄၅၉ဦး နှင့် Khyber Pakhtunkhwa၊ Punjab၊ Balochistan နှင့် Sindh ပြည်နယ် လေးခု၏ ပြည်နယ်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်နေရာ ၅၇၇ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်သူ ၈,၃၉၆ဦး ရှိကြောင်း သိရသည်။

သို့သော် အမျိုးသားလွှတ်တေ်ာ ကိုယ်စားလှယ်နေရာ ၂ခု နှင့် ပြည်နယ်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်နေရာ ၆ခု အတွက် ဆန္ဒမဲပေးမှုကို အချို့သော ကိုယ်စားလှယ်လောင်းများ သေဆုံးမှုအပါအဝင် အခြားအကြောင်းအရာများကြောင့် ရွှေ့ဆိုင်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.