Connect with us

Asia

ဘန်ကောက် လေယာဉ်တစ်စင်း ဘင်္ဂလားဒေ့ရှ်လေဆိပ်၌ ဆင်းသက်စဉ် တာယာပေါက်ကွဲမှု ဖြစ်ပွား

ထိုင်းလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ဒါကာလေဆိပ်၌ ဆင်းသက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒါကာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ထိုင်း လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ဇူလိုင်လ ၂၄ ရက် နေ့လည်ပိုင်းက ဒါကာလေဆိပ်၌ ဆင်းသက်စဉ် တာယာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများနှင့် ဒဏ်ရာရသူများ မရှိကြောင်း လေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်း ဖြစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ Hazrat Shahjalal International Airport (HSIA) တွင် လေကြောင်း ခရီးစဉ်များအားလုံး နာရီအတန်ကြာအောင် နှောင့်နှေးခဲ့ကြောင်း သိရသည်။

“ထိုင်းလေကြောင်းလိုင်းမှ လေယာဉ် TG321 က ဒေသစံတော်ချိန် ၁၂း၂၀ နာရီခန့်အချိန် ရာသီဥတု ဆိုးဝါးနေတဲ့ကြားမှ ပြေးလမ်းပေါ်သို့ ဆင်းသက်စဉ် အနည်းဆုံး တာယာလေးလုံး ပေါက်ကွဲခဲ့သော်လည်း ခရီးသည်များ ဘေးအန္တရာယ်မှ သီသီလေးလွတ်မြောက်သွားခဲ့တယ်” ဟု အမည်မဖော်လိုသူ လေဆိပ် တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.