Connect with us

Asia

လာအိုနိုင်ငံတွင် ဆည်ကျိုးကျခဲ့ပြီးနောက် လူ ၁၉ ဦးသေဆုံး၊ ၄၉ ဦး ပျောက်ဆုံး

လာအိုနိုင်ငံတွင် ရေအားလျှပ်စစ် ဓာတ်အားပေးဆည်ကျိုးကျမှုကြောင့် လူအများ နေအိမ်ခေါင်မိုးပေါ်သို့ တက်ရောက်နေကြရသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံတောင်ပိုင်းရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်ဖြစ်သော Xepian-Xe Nam Noy ဆည်ကျိုးကျမှုကြောင့် လူ ၁၉ ဦးခန့်သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြားသူ ၄၉ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း Attapeu ပြည်နယ် အုပ်ချုပ်ရေးရုံးက ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားထားသည့် တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသော သတင်းများအား ကိုးကား၍ ဒေသခံမီဒီယာက ဖော်ပြထားသည်။

အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားပေးဆည်ကျိုးကျမှုတွင် လာအိုနိုင်ငံ တောင်ပိုင်း Attapeu ပြည်နယ် Sanamxay ခရိုင်ရှိ ကျေးရွာ ၇ ရွာလည်း ရေလွှမ်းမိုးခဲ့သည်။

အဆိုပါ ကျေးရွာများရှိ မိသားစုအိမ်ထောင် ၁,၃၀၀ မှ လူပေါင်း ၆,၀၀၀ ခန့် ရေဘေးသင့်ခဲ့ရကြောင်း Sanamxay ခရိုင် အုပ်ချုပ်ရေးမှူး Bounhom Phommasane က ဗီယင်ကျန်း တိုင်းမ်သတင်းစားသို့ ပြောကြားခဲ့သည်။

ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းအထိ လူ ၂,၈၅၁ ဦးခန့်အား ကယ်ဆယ်နိုင်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

လာအိုနိုင်ငံ ဝက်ဘ်ဆိုက်တွင်မူ သေဆုံးသူ ၇ ဦး၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ကြောင်းနှင့် ရွာသား ၂၀ ဦးပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။

လူမှုမီဒီယာပေါ်တွင် တွေ့ရသည့် ဗီဒီယိုများနှင့် ဓာတ်ပုံများ၌ ရေမြင့်တက်မှုများက နေအိမ်မျက်နှာကျက်များအထိ ရောက်ရှိနေပြီး ရွာသားများနှင့် တိရစ္ဆာန်များက ဘေးလွတ်ရာရှာရင်း နေအိမ်ခေါင်မိုးများပေါ်သို့ တက်နေရသည်ကို တွေ့ခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.