ဖနွမ်းပင်၊ မေ ၈ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Techo Hun Sen သည် အမောဖောက်သော ဝေဒနာ ကြောင့် စင်ကာပူနိုင်ငံတွင် ၅ ရက်ကြာ ဆေးရုံတက်ရောက်ကုသမှုခံယူပြီးနောက် မေ ၇ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
တိုကျို၊ မေ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဖူကူအိုကာ စီရင်စု၊ ကီတာကျူရှုမြို့ရှိ တိုက်ခန်းတွဲ တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာက မေလ ၈ ရက်တွင် ဖော်ပြထားသည်။
ခတ္တမန္ဒူ၊ မေ ၇ ရက် (ဆင်ဟွာ) ကမ္ဘာအသက်အကြီးဆုံး ကိုမိုလန်မာ (Qomolangma) တောင်တက်သမားဘွဲ့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့သော နီပေါနိုင်ငံမှ အသက် ၈၆နှစ်အရွယ် Min Bahadur Sherchan အမည်ရှိ တောင်တက်သမားသည် မေလ ၆ရက် ညနေပိုင်းတွင် တောင်ခြေစခန်း၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ မေ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ အစိုးရ စာသင်ကျောင်းအနီး ဝန်းကျင်တွင် မေလ ၆ ရက်က ရပ်ထားသော ကွန်တိန်နာကား တစ်စီးမှ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ကျောင်းသား ၂၀၀ ခန့် ဆေးရုံရောက်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ မေ ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ်တာပရာဒတ်ရှ်ပြည်နယ်ရှိ တူးမြောင်း တစ်ခုအတွင်းသို့ မီနီထရပ်ကား တစ်စီး မေလ ၅ ရက်က ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာ စိုးရိမ်ဖွယ်...
ဘန်ကောက် ၊ မေ ၄ ရက်(ဆင်ဟွာ) သြဇာလွှမ်းမိုးမှုရှိသော မာစတာကတ်မှ နောက်ဆုံးထုတ်ပြန်လိုက်သည့် အာရှ-ပစိဖိတ် လည်ပတ်ချင်စရာအကောင်းဆုံး ညွှန်းကိန်း ၂ဝ၁၇ ခုနှစ် စာရင်းအရ အာရှပစိဖိတ်ဒေသတွင်းနေရာပေါင်း ၁၇၁ ခုအနက် ဘန်ကောက်မြို့သည် ခရီးသွားဧည့်သည်များအများဆုံး သွားရောက်လည်ပတ်သည့် ထိပ်ဆုံးနေရာတစ်ခု ဖြစ်ကြောင်း သိရသည်။
ပြုံယမ်း ၊ မေ ၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန က အမေရိကန် နိုင်ငံ ၏ B-1B မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် တပ်ဖွဲ့သည် မေလ ၁ ရက်နေ့ တွင် မြောက်ကိုရီးယား နိုင်ငံ ကို တိုက်ခိုက်သည့် ပစ်မှတ်များ...
တိုကျို၊ မေ ၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုအီတာ စီရင်စု တွင် မေ ၂ ရက် က ကားတစ်စီး သည် ဆေးရုံတစ်ခု ၏ ပြတင်းပေါက်များကို ဝင်တိုက်ပြီး ယင်းဆေးရုံ၏ နားနေဆောင်အတွင်းသို့ အရှိန်လွန်ဝင်ရောက်လာမှုကြောင့် လူ ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဒါကာ၊ မေ ၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မေလ ၁ ရက် ညပိုင်းက လေးနာရီကြာ လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မေလ ၂ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ ၊ မေ ၂ ရက် (ဆင်ဟွာ)