Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ရေဘေးသင့်သူ ၇ သိန်း ၂ သောင်း ရှိ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်အတွင်း ရေများ ဖုံးလွှမ်းနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇူလိုင်၂၃ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လူ ၅ ဦး သေဆုံးပြီး ရေဘေးသင့်သူ ၇ သိန်း ၂ သောင်း ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ အစိုးရက ဇူလိုင်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း Mountainပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်မြေပြိုမှုဖြစ်ပွားရာ လူ ၁ ဦး သေဆုံးပြီး အလယ်ပိုင်းရှိ Negros Oriental ပြည်နယ်တွင် မြစ်ရေကြီးမှုကြောင့် လူ ၁ ဦး ရေနစ် သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲမှုကောင်စီ(NDRRMC)က ဇူလိုင် ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင် ရဲတပ်ဖွဲ့ကလည်း Antiqueပြည်နယ်တွင် တောင်မြေပြိုမှုကြောင့် ကလေး ၂ ဦး သေဆုံးပြီး Negros Occidentalပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားရာ လူ ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း

ဆိုသည်။

ရက်သတ္တတစ်ပတ်ကြာ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ရေဘေးသင့်သူ ၇ သိန်း ၂ သောင်း ရှိကြောင်း ၊ ၎င်းတို့အနက် ၂ သိန်း ၃ သောင်းမှာ အစိုးရ ဖွင့်လှစ်သည့် ကယ်ဆယ်ရေးစင်တာများတွင် ခေတ္တခိုလုံလျက်ရှိကြောင်း သိရသည်။ နောက်ထပ်ရက်အနည်းငယ်အထိ ဆက်လက်၍ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားကြောင်းသိရသည်။

ဖိလစ်ပိုင်နိုင်ငံ၌ နှစ်စဉ် တိုင်ဖုန်းမုန်တိုင်း အကြိမ် ၂၀ ခန့်တိုက်ခတ်လေ့ရှိရာ အများအားဖြင့် မိုးရာသီ ကာလဖြစ်သည့် ဇွန်လမှ နိုဝင်ဘာလ အကြားတွင် တိုက်ခတ်လေ့ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.