Connect with us

Asia

အိန္ဒိယတွင် အဆောက်အအုံပြိုကျမှုကြောင့် လူ ၁ဦးသေ၊ ၇ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် အဆောက်အအုံပြိုကျမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော် အနီးတွင် ဇူလိုင် ၂၂ ရက်က ဆောက်လက်စ အဆောက်အဦတစ်ခု ပြိုကျရာ အနည်းဆုံး အလုပ်သမားတစ်ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

မတော်တဆမှုသည် မြို့တော် နယူးဒေလီမြို့ မှ ၅၀ကီလိုမီတာအကွာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် Ghaziabad ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက Ghaziabad ခရိုင် Dasna ဧရိယာတွင် ငါးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့ကြောင်း၊ အပျက်အစီးများအောက်မှ ရုပ်အလောင်းတစ်လောင်း ကို ဆွဲထုတ်ခဲ့ပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။

အပျက်အစီးများ အောက်တွင် အလုပ်သမားအချို့ပိတ်မိနေဆဲဖြစ်ပြီး ၎င်းတို့အား ကယ်ဆယ်ရန် ကြိုးပမ်းအားထုတ်နေဆဲဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယင်း ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.