ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ တန်ဖိုးသင့်လေကြောင်းလိုင်း AirAsia က ဗြိတိန်နိုင်ငံ လေယာဉ်အင်ဂျင်ထုတ်လုပ်သူ ရိုးလ်ရွိုက်စ်၏ လာဘ်ပေးလာဘ်ယူကိစ္စတွင် ၎င်းအနေဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဟု ငြင်းဆန်ခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဇန်နဝါရီ ၂၄ ရက်တွင်ဖော်ပြခဲ့သည်။
ဆိုးလ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) လွန်ခဲ့သော သုံးလကျော်အကြာက မီးလောင်ကျွမ်းလေ့ရှိသဖြင့် ရောင်းချမှု ရပ်ဆိုင်းထားရသော ဆမ်ဆောင်း Galaxy Note 7 ဖုန်းသည် ဘတ်ထရီ ပြစ်ချက်ရှိခြင်းကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ဆမ်ဆောင်း အီလက်ထရောနစ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Andhra Pradesh ပြည်နယ်တွင် ဇန်နဝါရီ ၂၁ ရက် ညပိုင်းက ခရီးသည်တင်ရထား တစ်စီး လမ်းချော် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၃၂ဦးထက်မနည်းသေဆုံးပြီး လူ ၅၅ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်းမီးရထား တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် က ဖနွမ်းပင်မြို့တွင် ၂၀၁၇ခုနှစ် မေလ ၁၀ရက် မှ ၁၂ ရက်အထိ အာဆီယံဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်ရှိ Kurram မျိုးနွယ်စုများ နေထိုင်သည့် နယ်မြေအတွင်းရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ဈေး တစ်ခု၌ ဗုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး လူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် ဇန်နဝါရီ ၁၉ ရက်က အရှိန်ပြင်းထန်စွာ မောင်းနှင်လာသော ကုန်တင်ကားတစ်စီး နှင့် ကျောင်းကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မိ၍ ကလေး ၁၅ဦးကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အစိုးရရှေ့နေများက တောင်ကိုရီးယားနိုင်ငံ၏ မိသားစု လုပ်ငန်းကြီး တစ်ခု ဖြစ်သော ဆမ်ဆောင်း ကုမ္ပဏီ၏ အရိုက်အရာကို ဆက်ခံမည့်သူအား ဖမ်းဝရမ်း ထုတ်ဖို့ နှစ်ရက်ကြာ လုပ်ဆောင်ပြီးနောက် တရားရုံးက ဇန်နဝါရီလ ၁၈ ရက်တွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း...
နယူးဒေလီ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ဇန်နဝါရီ ၁၅ရက်ကပြုလုပ်ခဲ့သည့် အကြီးဆုံး ဘာသာရေးစုဝေးပွဲများအနက် တစ်ခုတွင် လူအုပ်ပိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၆ဦးသေဆုံးခဲ့ပြီး လူ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ဇန်နဝါရီလ ၁၄ ရက် က ခရီးသည်အများအပြားတင်ဆောင်ထားသော စက်လှေတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၂၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ စက်လှေသည် ဘီဟာပြည်နယ်မြို့တော် Patna မြို့လယ်ရှိ NIT...
တိုကျို ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ၏ အာကာသအေဂျင်စီသည် ယနေ့( ဇန်နဝါရီလ ၁၅ ရက်)တွင် ကမ္ဘာပတ်လမ်းထဲသို့ဂြိုဟ်တုတစ်စင်းလွှတ်တင်ရန်အတွက် အသေးစား-ဒုံးပျံတစ်စင်း စမ်းသပ်ပစ် လွှတ်ခဲ့ရာ ဆက်သွယ်ရေးစနစ်ချွတ်ယွင်းမှုကြောင့် မအောင်မမြင်ဖြစ်ခဲ့ရကြောင်း သိရသည်။