ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အိမ်ရှေ့မင်းသား မဟာ ဗာဂျီရယ်လောင်ကွန် (Maha Vajiralongkorn) သည် ထိုင်းနိုင်ငံ၏ ဘုရင်သစ် ဖြစ်လာမည် ဖြစ်ကြောင်းနှင့် သက်တော်ရာကျော်ရှည်ပါစေကြောင်း ထိုင်း လွှတ်တော်က နိုဝင်ဘာလ ၂၉ ရက်တွင် ရုပ်မြင်သံကြား ရိုက်ကူးပြသသော အစည်းအဝေး၌ သဘောတူလိုက်သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ အကျဉ်းထောင် တစ်ခုတွင် လူဆိုးဂိုဏ်းဝင် လေးဦးနှင့်အတူ နိုဝင်ဘာလ ၂၇ ရက်က ထောင်ဖောက်ပြေး လွတ်မြောက်သွားသည့် အန္တရာယ်ရှိ စစ်သွေးကြွ တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ် ပထမဆုံး ၁၁ လအတွင်း ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ ၉ သန်းကျော် ရှိကြောင်း ၊ ယခင်နှစ်အလားတူကာလထက်၂၅.၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း နှင့် ၂ဝ၁၆ ခုနှစ် တစ်နှစ်လုံးတွင် ဗီယက်နမ်သို့ခရီးသည် ဝင်ရောက်မှု ၈.၅ သန်း...
ကိုလံဘို၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ တောင်ပိုင်းမြို့ဖြစ်သည့် Wadduwa မြို့တွင် နိုဝင်ဘာ ၂၇ရက်က ရထားတစ်စီးနှင့် ကားတစ်စီး တိုက်မိခဲ့၍ လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
မနီလာ၊ နိုဝင်ဘာ ၂၈ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ ရှိ အမေရိကန်သံရုံးအနီး တွင် နိုဝင်ဘာ၂၈ရက် နံနက်ပိုင်းက ဗုံးဟုယူဆရသည့် ပစ္စည်းတစ်ခုအား တွေ့ရှိခဲ့ကြောင်း ပြည်တွင်းသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ခရီးသည် အလွန်အကျွံ တင်ဆောင်လာသည့် ဂျစ်ကား တစ်စီးသည် နီပေါနိုင်ငံ အလယ်ပိုင်း နာဝယ်ပါရာစီခရိုင်ရှိ ၁၀၀ မီတာနက်သော လျှိုမြောင် တစ်ခုအတွင်းသို့ နိုဝင်ဘာလ ၂၇ ရက်က ပြုတ်ကျသွားခဲ့ရာ လူ ၇ ဦး သေဆုံးကာ ၁၈...
ဘန်ကောက်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်း ပတ်ထနီပြည်နယ်တွင် အမည်မသိ သေနတ်သမား နှစ်ဦး ပစ်ခတ်မှုကြောင့် ထိုင်းလူမျိုး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံးကာ အခြား အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက နိုဝင်ဘာလ ၂၇ ရက်က...
မနီလာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရိုင်ဖယ်သေနတ် တစ်လက်ဝယ်ယူလျှင် တစ်လက် အခမဲ့ ရရှိနိုင်မည်ဟူသော ရုရှားနိုင်ငံမှ ကမ်းလှမ်းမှုအား ရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက နိုဝင်ဘာလ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ဒါကာ၊ နိုဝင်ဘာ ၂၃ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့၏ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည့် Ashulia ရှိ ဓါတ်မီးခြစ်စက်ရုံတစ်ခု တွင် နိုဝင်ဘာ ၂၂ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ အမျိုးသမီးအများစု အပါအဝင် အလုပ်သမားပေါင်းများစွာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ကိုလံဘို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် အေအိုင်ဒီအက်စ် ကပ်ရောဂါ ပပျောက်ရေး အားထုတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ (UNFPA) က ပြောကြားလိုက်သည်။