Connect with us

Asia

ရုရှား နိုင်ငံ က ၎င်း၏ အဆင့်မြင့်ဆုံး လေကြောင်းရန် ကာကွယ်ရေး စနစ် ဖြစ်သည့် S – 400 အား အိန္ဒိယ နိုင်ငံ ကို ရောင်းချပေးမည်

ရုရှား နိုင်ငံ ၏ S - 400 လေကြောင်းရန် ကာကွယ်ရေး စနစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဗလာဒီဗော့စတော့ ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိ တစ်ဦး က ရုရှား နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ တို့က S – 400 လေကြောင်းရန် ကာကွယ်ရေး စနစ် ရောင်းချခြင်း ဆိုင်ရာ ဆွေးနွေးမှု ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် စစ်လက်နက် ပေးပို့ခြင်း ဆိုင်ရာ သဘောတူညီမှု စာချုပ် ကို ရေးထိုး လိုက်ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု ရုရှား နိုင်ငံပိုင် သတင်းဌာန က မေလ ၃၀ ရက်နေ့ တွင် ရေးသား ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက် တွင် ရုရှား နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ အား အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ခန့် တန်ဖိုးရှိ S – 400 လေကြောင်းရန် ကာကွယ်ရေး စနစ် ကို ရောင်းချပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ သမ္မတ ပူတင် မှ ယခု နှစ် အောက်တိုဘာလ တွင် အိန္ဒိယ နိုင်ငံ သို့ သွားရောက် လည်ပတ်ချိန်တွင် စစ်လက်နက် ပေးပို့မှု ဆိုင်ရာ တရားဝင် စာချုပ် ကို ရေးထိုး သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ က ရုရှား နိုင်ငံ နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက် သည့် နိုင်ငံ များ အပေါ် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်မည် ဟု ခြိမ်းခြောက်မှု ပြုလုပ် ခဲ့သောကြောင့် နှစ်နိုင်ငံ အနေဖြင့် ဆွေးနွေးညှိနှိုင်းမှု များကို အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး အမေရိကန် နိုင်ငံ ၏ ပိတ်ဆို့အရေးယူမှု မှ ရှောင်ရှား နိုင်ရန် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ လ တွင် တူရကီ နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့ က S – 400 လေကြောင်းရန် ကာကွယ်ရေး စနစ် ဝယ်ယူခြင်းဆိုင်ရာ သဘောတူညီမှု စာချုပ် ရေးထိုး နိုင်ခဲ့ပြီး ရုရှား နိုင်ငံ က တူရကီ နိုင်ငံ အား S – 400 ၄ စုံ ရောင်းချပေးသွားမည် ဖြစ်ကာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံ ခန့်ရှိကြောင်း သိရှိရသည်။

S – 400 လေကြောင်းရန် ကာကွယ်ရေး စနစ် သည် ရုရှား နိုင်ငံ ၏ စတုတ္ထ မျိုးဆက် လေကြောင်း ကာကွယ်ရေး စနစ် တစ်ခု ဖြစ်ပြီး ကာကွယ်ရေး စနစ် တွင် ဒုံးကျည် ၇၂ စင်း ပါဝင် ကာ တစ်ချိန်တည်း ပစ်မှတ် ၃၆ ခု ကို ကီလိုမီတာ ၄၀၀ အတွင်း ကာကွယ်သွား နိုင်သည့် ရုရှား နိုင်ငံ ၏ အဆင့်မြင့် ဆုံးသော လေကြောင်း ကာကွယ်ရေး စနစ် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.