Connect with us

Asia

အရှေ့ဂျာဗားတွင် စစ်သွေးကြွ ၄ဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ထိန်းသိမ်း

အင်ဒိုနီးရှားနိုင်ငံ ရှိ ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ မေ ၃၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ တွင် အသေခံဗုံးဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်သွေးကြွများအား ဖြိုခွင်းမှု တစ်ခုပြုလုပ်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့ သည် အရှေ့ဂျာဗားပြည်နယ်တွင် စစ်သွေးကြွ ၄ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၃၀ ရက်တွင်ပြောကြားခဲ့သည်။

Probolnggo မြို့ ရဲချုပ် Fadly Samad က အင်ဒိုနီးရှားနိုင်ငံသည် တင်းကျပ်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအား ထုတ်ပြန်ခဲ့ပြီးနောက် မေ ၂၉ ရက် ညပိုင်းတွင် ဖမ်းဆီးမှုများကို ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စစ်သွေးကြွများ၏ ပုန်းအောင်းရာနေရာများကို စီးနင်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များသည် လက်ပ်တော့များ၊ ပိုက်များ၊ အိတ်တစ်လုံး အပါအဝင် သက်သေအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျာဗားပြည်နယ် ဆူရာဘာရာမြို့ နှင့် Riau ပြည်နယ် တွင် ဖြစ်ပွားခဲ့သော အသေခံတိုက်ခိုက်မှုများကြောင့် လူ ၃၂ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.