နယူးဒေလီ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း Himachal Pradesh ပြည်နယ်တွင် နိုဝင်ဘာ ၅ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး တောင်ကြားထဲ ထိုးကျခဲ့၍ လူ၁၆ဦး ထက်မနည်းသေဆုံးကာ ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဆိုးလ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ) တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် အခြားနိုင်ငံအတွင်းရှိ မြို့ပေါင်းများစွာ၌ ပြည်သူထောင်ပေါင်းများစွာက (ယခင်) သမ္မတအကြံပေးနှင့် အထူးလူယုံဖြစ်သူ၏ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ သမ္မတပတ်ဂွန်ဟေးအား ရာထူးမှနှုတ်ထွက်ပေးရန် ဖယောင်းတိုင်မီးများထွန်းညှိကာ နိုဝင်ဘာလ ၅ ရက်ညပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။
ရီဂါ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် လတ်ဗီးယားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း လတ်ဗီးယား သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး နယ်ပယ်များစွာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ကတိပြုခဲ့ကြကြောင်း သိရသည်။
ဂျကာတာ ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ နိုဝင်ဘာလ ၂ ရက်က ဖြစ်ပွားခဲ့သော မြန်နှုန်းမြင့် (စပိဘုတ်) စက်လှေတိမ်းမှောက်မှုဖြစ်စဉ်အတွင်း သေဆုံးသူ ဦးရေမှာ ၅၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဟနွိုင် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုဝင်ဘာလ ၂ ရက်နံနက်ပိုင်းက လူ ၄ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း နှင့် အခြား ၁၂ ဦးမှာ ထိခိုက်ဒဏ်ရာရထားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရသိရသည်။
ဖနွမ်းပင်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ခြင်း လုပ်ငန်းများ အလျင်အမြန် ကျယ်ပြန့်လာသောကြောင့် တရားမဝင်အဖြစ် တားမြစ်လိုက်ကြောင်း Cambodia Daily က နိုဝင်ဘာလ ၃ ရက်က သတင်းတင်ပြထားသည်။
ဆိုးလ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် သမ္မတ၏ ကာလရှည် ယုံကြည်စိတ်ချခြင်းခံရသူနှင့် လက်ရှိ၌ မကောင်းသတင်းများဖြင့် ပြည်သူများက စိတ်ဆိုးဒေါသထွက်ခြင်းခံနေရသူ ချွဲဆွန်ဆီလ် ဖြစ်ရပ် နောက်ဆက်တွဲအနေဖြင့် နိုင်ငံရေးရာအတွက် စစ်ဦးစီးအရာရှိချုပ်နှင့် အတွင်းရေးမှူးသစ်အား သမ္မတ ပက်ဂွမ်ဟေး (Park Geun-hye) က နိုဝင်ဘာလ ၃...
တိုကျို၊ နိုဝင်ဘာ ၃ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ နာဂါဆာကီမြို့ တွင် နိုဝင်ဘာလ ၃ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရှိပြီးနောက် အမေရိကန်ရေတပ်အခြေစိုက်စခန်း အဝင်အထွက်အား တစ်နာရီခန့်ပိတ်ထားခဲ့ကြောင်း သိရသည်။
ဟိုချီမင်း ၊ နိုဝင်ဘာ ၃ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို ့၌ ချက်နိုင်ငံမှတဆင့် လေကြောင်းဖြင့် တင်သွင်းလာသော စစ်ဖက်သုံး တရားမဝင်မှောင်ခိုလက်နက်အများအပြားကို ဗီယက်နမ်အကောက်ခွန်အရာရှိများက ဖမ်းဆီးရမိကြောင်း ပြည်တွင်းသတင်းစာများက နိုဝင်ဘာ ၂ ရက်တွင် ရေးသားဖော်ပြသည်။
ဂျကာတာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) လူပေါင်း ၉၃ ဦးအား တင်ဆောင်ကာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘတ်တမ်ကျွန်းမှ နိုဝင်ဘာလ ၂ ရက် အစောပိုင်းက ထွက်လာခဲ့သော လှေတစ်စင်းသည် တိမ်းမှောက်သွားခဲ့ပြီး အနည်းဆုံး လူ ၂၀ ဦး သေဆုံးကာ ၃၄ ဦး...