Connect with us

Asia

အိန္ဒိယနိုင်ငံတွင် တံတားတစ်စင်းပေါ်မှ ယာဉ်တစ်စီး ပြုတ်ကျရာ လူ ၂၁ဦးသေ၊ ၁၂ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်တွင် မင်္ဂလာဆောင်ပွဲတစ်ခုမှ လူများကို သယ်ဆောင်လာသော မီနီထရပ်ကားတစ်စီးသည် တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၁ဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက်တွင်ပြောကြားခဲ့သည်။

Madhya Pradesh ပြည်နယ် မြို့တော် Bhopal မြို့ အရှေ့ဘက် ၅၇၃ကီလိုမီတာကအကွာခန့် Sidhi ခရိုင် Soneမြစ်ပေါ်တွင် ဧပြီလ ၁၇ ရက်က ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိသူများကို ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး လူနာ၃ဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း သိရသည်။အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။Madhya Pradesh ပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhan က အဆိုပါ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့ပြီး သေဆုံးသွားသူတစ်ဦးချင်းစီ၏ မိသားစုဝင်များကို အမေရိကန်ဒေါ်လာ ၃,၀၄၅ဒေါ်လာ ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က ယင်းမတော်တဆမှုအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117