Connect with us

Asia

စင်ကာပူ ရေပိုင်နက်အတွင်း လောင်စာဆီတင်သင်္ဘော ၂စင်း တိုက်မိ

စင်ကာပူ ရေပိုင်နက်အတွင်း တိုက်မိခဲ့သည့် လောင်စာဆီတင်သင်္ဘော ၂စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

စင်ကာပူ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ ပင်လယ်ရေကြောင်း နှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က ဧပြီ ၁၇ ရက်အစောပိုင်းတွင် လောင်စာဆီတင်သင်္ဘော တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ကြေညာခဲ့သည်။

MPA ၏ပြောကြားချက်အရ သင်္ဘော၂စင်းတိုက်မိမှုကြောင့် သင်္ဘောဝန်ထမ်းများ ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။MPA သည် သင်္ဘောတိုက်မှုသတင်းအား ဧပြီ ၁၇ရက် နံနက် ၂း၃၀နာရီတွင် ရရှိခဲ့ပြီး စင်ကာပူနိုင်ငံမှတ်ပုံတင် LPG ဓါတ်ငွေ့ရည်တင် CRYSTAL SUNRISE နှင့် ဂရိနိုင်ငံမှတ်ပုံတင် ASTRO SATURN လောင်စာဆီတင်သင်္ဘောတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Channel NewsAsia သတင်းဌာနက စင်ကာပူနိုင်ငံ ရေပိုင်နက်အတွင်း လောင်စာဆီတင်သင်္ဘော ၂စင်း တိုက်မိခဲ့ပြီး Butane ဓါတ်ငွေ့ရည်များ ယိုဖိတ်ကျကုန်ကြောင်း ဧပြီ ၁၇ ရက် ညပိုင်းတွင် ဖော်ပြခဲ့သည်။MPA က Butane ဓါတ်ငွေ့ရည်များသည် အငွေ့ပံျနှုန်းမြင့်မားသဖြင့် ယိုဖိတ်ကျလာသော ဓါတ်ငွေ့ရည်များသည် စင်ကာပူပြည်မကြီး နှင့် ဝေးရာ တောင်ဘက်သို့ စီးဆင်းသွားမည်ဟု ခန့်မှန်းရပြီး ယင်းနေရာ၌ ဓါတ်ငွေ့ရည်အများစုသည် တစ်နာရီအတွင်း မီးလောင်မှတ်အောက်သို့ ရောက်သည်အထိ လျင်မြန်စွာ လွင့်ပြယ်သွားမည်ဖြစ်သောကြောင့် သင်္ဘောများအတွက် အန္တရာယ်ဖြစ်စေမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117