Connect with us

Asia

အာဖဂန်နစ္စတန် တွင် နေတိုး စစ်သား နှစ်ဦး အသတ်ခံရမှုမှာ အတွင်းလူ တိုက်ခိုက်မှုကြောင့် ဟုဆို

အာဖဂန်နစ္စတန် နယ်စပ်ရှိ NATO စစ်သားများ (ဆင်ဟွာ)

ကဘူးလ်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဟဲလ်မန် တောင်ပိုင်း ဒေသတွင် အာဖဂန် စစ်ယူနီဖောင်း ဝတ်ဆင်ထားသော သေနတ်သမား နှစ်ဦး ပစ်ခတ်မှု ဖြစ်ပြီးနောက် နေတိုး (NATO) စစ်သားနှစ်ဦး သေဆုံးခဲ့ရကြောင်း နေတိုး ဦးဆောင် သော ထောက်ပံ့ရေး မစ်ရှင် အဖွဲ့က သတင်း ထုတ်ပြန်ချက်တွင် ပြောသည်။
“ဒီနေ့ မနက် အစောပိုင်းမှာ အာဖဂန် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးတပ် (ANDSF) ဝတ်စုံ ဝတ်ဆင်ထားသော လူနှစ်ဦးဟာ ဟဲလ်မန် ဒေသက ANDSF ဝင်း အတွင်းတွင် သူတို့ရဲ့ ယာဉ်ပေါ်ကနေ သေနတ်ဖြင့် ပစ်ခဲ့သဖြင့် NATO ထောက်ပံ့ရေး အဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပါတယ်” ဟု မဟာမိတ် အဖွဲ့က သတင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။
သေနတ် သမားများသည် အပြန်အလှန် ပစ်ခတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ မတော်တဆမှုနှင့် ပတ်သက်၍ သတင်း အချက်အလက်အား အသေးစိတ် ထုတ်ဖော် မထား သော်လည်း အာဖဂန် နှင့် NATO ထောက်ပံ့ရေး အရာရှိများက မတော်တဆမှုအား ပြန်လည် သုံးသပ်နေပြီး သတင်း အချက် အလက်များအား ဖြစ်နိုင်သမျှနှင့် သင့်လျော်ချိန်တွင် ထုတ်ပြန်သွားရန် ရှိကြောင်း သိရသည်။
ထိုကဲ့သို့ မတော်တဆ မှုသည် အရင်ကလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလတွင် နေတိုး ထောက်ပံ့ရေး အဖွဲ့မှ အရပ်ဘက် လူသုံးဦးလည်း အာဖဂန် မြို့တော်ရှိ လေတပ်တွင် အာဖဂန် စစ်သား တစ်ဦး၏ သေနတ် ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရသေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.