Connect with us

Asia

အိန္ဒိယ နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ စစ်တပ် တို့မှ အငြင်းပွား နယ်စပ်ဒေသ တွင် တိုက်ပွဲ ဖြစ်ပွား၍ ၆ ဦး သေဆုံးကာ ၄၆ ဦး ဒဏ်ရာရရှိ

အိန္ဒိယ-ပါကစ္စတန် နယ်စပ်တွင် ပါကစ္စတန် တပ်သားများအား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလမ်မာဘတ် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက် အရ သြဂုတ်လ ၂၈ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ စစ်တပ်တို့သည် နှစ်နိုင်ငံ အငြင်းပွား နေသည့် နယ်စပ် ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး Sialkot မြို့၏ Chaprar နှင့် Harpal ဒေသ နယ်စပ်ဧရိယာ အနီးရှိ လူနေရပ်ဝန်းထံ သို့ အိန္ဒိယ ဘက် မှ အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် ပါကစ္စတန် နိုင်ငံသား ၆ ဦးသေဆုံးကာ ၄၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် အိန္ဒိယ နယ်စပ်အနီးရှိ Kanganpur နှင့် Bajra Gari စသည့် ကျေးရွာများသည် အဆိုးရွားဆုံး ထိခိုက် ပျက်ဆီးခဲ့ရကြောင်း လည်းပါဝင်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာ နယ်စပ်ဒေသ ရှိ ကျေးရွာ များမှ ပြည်သူများမှာလည်း အပြင်းအထန် တိုက်ပွဲ ဖြစ်ပွာမှုကြောင့် အိုးအိမ်များကို စွန့်ခွာ၍ ထွက်ပြေးခဲ့ ရပြီး တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူ များအား နယ်စပ်ဒေသ နှင့် အနီးဆုံး မြို့ဖြစ်သည့် Sialkot မြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင် ထားရှိခဲ့ကြောင်း လည်းသိရှိရသည်။

အိန္ဒိယ နိုင်ငံ နှင့် ပါကစ္စတန် နိုင်ငံ တို့သည် ၂၀၀၃ ခုနှစ် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲမှု များပြုလုပ်ခဲ့ကြသည်။ ထို အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းတွင် နှစ်နိုင်ငံ မှ တိုက်ပွဲ ဖြစ်ပွားမှု များ ငြိမ်သက်ခဲ့ပြီး ရံဖန်ရံခါ တိုက်ပွဲ ဖြစ်ပွားခဲ့ သော်လည်း လက်တလော ရက်ပိုင်းတွင် တိုက်ပွဲ အရှိန် မှာ တဖြည်းဖြည်း မြင့်တက်လာ ခဲ့ကြောင်း သိရှိရပြီး တိုက်ပွဲဖြစ်ပွား သဖြင့် သေဆုံးဒဏ်ရာရှိသူ အများစုမှာ အရပ်ဘက် ပြည်သူ များဖြစ်ကြကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117