ဆစ်ဒနီ ၊ ဧပြီ ၁ဝရက် (ဆင်ဟွာ) လေးယောက်ပေါင်း အသက် ၃၆ဝ နှစ်အထိ ရှိသော သြစတြေးလျနိုင်ငံမှ ရေကူးအဖိုးအို လေးဦးသည် ဧပြီလ ၉ ရက်က နယူးဆောက်ဝေးပြည်နယ် အမျိုးသားရေကူးချန်ပီယံပြိုင်ပွဲ၌ မီတာ ၅ဝ (4×50) လက်ဆင့်ကမ်းရေကူးပြိုင်တွင် နိုင်ငံ့စံချိန်သစ် တစ်ရပ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဧပြီလ ၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ခြင်းအပေါ် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နက်ရှိုုင်းစွာ ချိတ်ဆက်ဆောင်ရွက်သွားသင့်ကြောင်း သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းက တိုက်တွန်းပြောကြားလိုက်သည်။
ဆစ်ဒနီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်၌ ကြောက်မက်ဖွယ် ကားတိုက်မှု တစ်ခု ဧပြီလ ၇ ရက်တွင် ဖြစ်ပွားခဲ့ရာ အသက် ၁၀၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးကာ လမ်းလျှောက်တတ်ကာက ကလေးငယ် တစ်ဦး အပါအဝင် လူ ၆...
ဆစ်ဒနီ ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) သြစတြေးလျနိုင်ငံသားအမျိုးသားတစ်ဦးသည် ၎င်း၏ခွေးလေး သေဆုံးမှုနှင့်ပတ်သက်၍ ထိုခွေးမှာ ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အား သတင်းပေးတိုင်ကြားခဲ့ရာ၊ ယင်းတိုင်ကြားချက်မှာ မမှန်သတင်းတိုင်ကြားမှုသာဖြစ်ကြောင်းကို ယနေ့(ဧပြီလ ၆ ရက်)တွင် ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့ပြီးနောက်တွင် တရားစွဲဆိုခံလိုက်ရကြောင်း သိရသည်။
ဆစ်ဒနီ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံမှ သြစတြေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အမျိုးသားတစ်ဦးသည် White-tailed Spider ခေါ် သြစတြေးလျ ပင့်ကူတစ်မျိုး၏ အကိုက်ခံရပြီးနောက် ၎င်း၏ ခြေထောက်များကို ဖြတ်ပစ်လိုက်ရကာ လက်များလည်း ဖြတ်ရနိုင်ခြေရှိကြောင်း သိရသည်။
အော့ကလန်၊ နယူးဇီလန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ အော့ကလန်မြို့ရှိ တရုတ်နိုင်ငံပိုင် သုတေသနနှင့် ဖွံ့ဖြိုးမှု (R&D) စင်တာသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သွားရောက် လေ့လာခဲ့ပြီး နှစ်နိုင်ငံ တီထွင် ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား နီးကပ်စွာ လုပ်ဆောင်သွားရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။
ဝဲလ်လင်တန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နှင့် နယူးဇီလန်နိုင်ငံတို့သည် နှစ်နိုင်ငံကြား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) အဆင့်မြှင့်တင်ရေးအတွက် ဧပြီလကုန်ပိုင်းတွင် စတင် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။
ကန်ဘာရာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် သည် သြစတြေးလျနိုင်ငံ မြို့တော် ကန်ဘာရာမြို့သို့ မတ်လ ၂၂ ရက် ညပိုင်းတွင် တရားဝင်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ၊ မတ်လ ၂၂ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ Taronga မြောက်ပိုင်း Palins တိရစ္ဆာန်ရုံရှိ အာဖရိကန်မျိုးဆက် နောက်ဆုံး ဆင် အသက် ၄၆ နှစ်အရွယ် Cuddles သေဆုံးခြင်းအတွက် နိုင်ငံတစ်ဝန်း ဝမ်းနည်း ကြေကွဲခဲ့ကြသည်။
ဆစ်ဒနီ၊ မတ် ၆ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Kandrian ပြည်နယ် အနောက်မြောက်ဘက် ၃၂ကီလိုမီတာ တွင် ရစ်ချ်တာစကေး ၆.၅ ရှိသည့် အင်အားပြင်ထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာတိုင်းတာရေးအဖွဲ့ (USGS) က မတ် ၆ရက် တွင်ပြောကြားခဲ့သည်။