Connect with us

Australia / Oceania

ကျူးဘား အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၇၀၀၀ ဦး ကျော် ဝင်ရောက်ယှဉ်ပြိုင်

ကျူးဘားနိုင်ငံ ရွေးကောက်ပွဲ တစ်ခုတွင် မဲထည့်နေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟာဗားနား၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံတွင် နိုဝင်ဘာလ ၂၆ ရက်မှာ ပြုလုပ်မည့် မြူနီစီပယ် ရာထူးများအတွက် အထွေထွေ ရွေးကောက်ပွဲများအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူ ၂၇၂၂၁ ဦး ရှိကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မရှင် (CEN) က နိုဝင်ဘာလ ၂ ရက်တွင် ပြောကြားခဲ့သည်။

တရားဝင် မီဒီယာ၏ ထုတ်ပြန်ချက်အရ ကိုယ်စားလှယ်လောင် ၃၅.၄ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ၆၆.၄၄ ရာခိုင်နှုန်းက ရွေးကောက်ပွဲအတွက် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သူများ ဖြစ်ကြောင်း သိရသည်။ရွေးကောက်ပွဲ ပထမအဆင့်အား စက်တင်ဘာလ ၄ ရက်မှ အောက်တိုဘာလ ၃၀ ရက်အထိ ပြုလုပ်ခဲ့ပြီး မြူနီစီပယ် လွှတ်တော် ၁၆၀ အတွက် ခေါင်းဆောင်သစ်များအတွက် အမည်စာရင်း တင်သွင်းရန် နိုင်ငံတစ်ဝန်း အစည်းအဝေးပေါင်း ၁၂၅၀၀ ကျော် ကျင်းပခဲ့ပြီး ကျေနပ်လောက်ဖွယ်သော နည်းလမ်း တစ်ခု ရရှိခဲ့သည်ဟု ကော်မရှင်က ဖော်ပြခဲ့သည်။

ကျူးဘားနိုင်ငံတွင် ပြည်သူများ မဲဆန္ဒပြုနိုင်ရန်အတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံများနှင့် ကိုယ်ရေးအချက်အလက်များကိုသာ ပြသခွင့်ပြုထားပြီး နိုင်ငံရေး မဲဆွယ် စည်းရုံးခွင့် တားမြစ်ထားကြောင်း သိရသည်။ကိုယ်စားလှယ်လောင်း အသစ်များအနက် ပြည်နယ် လွှတ်တော် အဖွဲ့ဝင် ၁၅ ဦး ရွေးချယ်ခဲ့ပြီး အမျိုးသား လွှတ်တော်အတွက် အမည်စာရင်း တင်သွင်းထားသူ၏ ထက်ဝက်အား ရွေးချယ်ခဲ့ကြောင်း သိရသည်။ကျူးဘားနိုင်ငံတွင် မြူနီစီပယ် ရွေးကောက်ပွဲများအား နှစ်နှစ်ခွဲလျှင် တစ်ကြိမ် ကျင်းပလေ့ရှိသည်။ (Xinhua)