ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ South Sandwich ကျွန်းများ၏ ကမ်းရိုးတန်းရှိ ဧရိယာများတွင် ဒီဇင်ဘာ ၁၁ရက် ပေကျင်းစံတော်ချိန် နံနက် ၁၀း၂၆နာရီ တွင် အင်အား ၇.၅ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်များစင်တာ (CENC) ကပြောကြားခဲ့သည်။
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်သြစတြေးလျပြည်နယ်ရှိ လမ်းတစ်ခုတွင် ထိတ်လန့်ဖွယ် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၀ရက်တွင် တတိယမြောက် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံတွင် ဒီဇင်ဘာ ၈ရက် ညပိုင်းက ကျင်းပသော ဂီတ နှင့် အက ပွဲတော်ကြီးတစ်ခုသို့ တက်ရောက်ခဲ့သော ဆယ်ကျော်သက် တစ်ဦး သေဆုံးပြီး အနည်းဆုံး လူ ၁၆ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း နှင့် ယင်းသို့ဖြစ်ရခြင်းမှာ ပွဲတော်အတွင်း...
ဆစ်ဒနီ ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေးဌာန က တောင်ပစိဖိတ် သမုဒ္ဒရာ ရှိ နယူးကယ်လီဒိုးနီးယား အနီး ပင်လယ်ပြင် ၌ ဒီဇင်ဘာ ၅ ရက် တွင် ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်...
ဆစ်ဒနီ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီလေဆိပ်၌ ဆန်ဖရန်စစ္စကိုမြို့မှ လိုက်ပါလာသော အမေရိကန်အမျိုးသမီးတစ်ဦး အား ကလေးကစားစရာများအတွက် ဝှက်၍ သယ်ဆောင်လာသော မူးယစ်ဆေးဝါး ၁၃ကီလိုဂရမ် နှင့် အတူ ဖမ်းဆီးရမိပြီးနောက် သြစတြေးလျအာဏာပိုင်များက ရာဇဝတ်မှုတစ်ချို့ဖြစ်ပေါ်လာနိုင်ကြောင်း အများပြည်သူထံ နိုဝင်ဘာ ၂၇ ရက်က သတိပေးပြောကြားခဲ့သည်။
ABOARD XUELONG ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွင်းသင်္ဘော Xuelong သည် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ရှောင်ရှားရန် တောင်သမုဒ္ဒရာအတွင်းရှိ ပေါလောမျောနေသည့် ရေခဲပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ပို့မော့စ်ဘီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ အဆိုတင်သွင်းသော ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ နှင့် ပစိဖိတ်ဒေသ ရှိ ကျွန်းနိုင်ငံများအကြား ပို၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို ဖန်တီးပေးနေပြီး ကမ္ဘာ့စီးပွားရေးစနစ်အတွင်းသို့ ယင်းနိုင်ငံများ စုစည်းဝင်ရောက်နိုင်စေရန် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးခြင်းဖြစ်သည်။
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့သည် နိုဝင်ဘာ ၁၇ ရက်က ပို့မော်ရက်စ်ဘီမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် နှင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ ဆက်သွယ်မှုများ...
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) နိုဝင်ဘာလ ၁၇ ရက်က ပါပူဝါနယူးဂီနီနိုင်ငံ မြို့တော် ပို့မော်ရက်စ်ဘီမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီးအစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က “တစ်လှေတည်းစီး တစ်ခရီးတည်းသွားပြီး လှပသည့်အနာဂတ်သစ်ကို ဖန်တီးမည်”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းစကားပြောကြားခဲ့သည်။ သမ္မတရှီ၏ အဓိကမိန့်ခွန်းထဲတွင်အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု...
ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် နိုင်ငံတကာ သွင်းကုန်ပြပွဲအားလည်းကောင်း၊ လာမည့်ဧပြီလတွင် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်အားလည်းကောင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။