Connect with us

Australia / Oceania

ဖီဂျီတွင် အင်အား ၆.၂ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်

ဖီဂျီနိုင်ငံ ရှိ ကျွန်းတစ်ကျွန်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံ အနီး၌ ဇန်နဝါရီ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၈နာရီ မတိုင်မီက အင်အား ၆.၂ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခတ်ပြီးနောက် အင်အား ၅.၂ပမာဏရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင် ၂ခုစလုံးသည် ဖီဂျီနိုင်ငံ နှင့် တွန်ဂါနိုင်ငံအကြား ရှိ ကျွန်း၏ တောင်ဘက် ၅၀၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ပစိဖိတ်ဆူနာမီသတိပေးမှုစင်တာ မှ ယခုအချိန်ထိ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.