Connect with us

Australia / Oceania

အဆောက်အအုံပြိုကျမှုဖြစ်ပွားသော ဆောက်လုပ်ရေးကုမ္ပဏီနှင့် နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း ပတ်သက်မှုရှိဟုဆို

ဒဏ်ငွေပြစ်ဒဏ်ပေးဆောင်ရသော နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်ဟောင်းဂျင်နီရှစ်ပလီ အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝဲလင်တန် ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်ဟောင်းဂျင်နီရှစ်ပလီ(Jenny Shipley) သည် နယူးဇီလန်ဒေါ်လာ ၃၆ သန်း(အမေရိကန်ဒေါ်လာ ၂၅ သန်း) ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်ခဲ့ရသည့် အဆောက်အအုံပြိုကျမှုဖြစ်ပွားခဲ့သော Mainzeal အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ၄ ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် ဒေသတွင်းမီဒီယာတစ်ခု၏ ဖော်ပြချက်အရ ၁၉၉၇ ခုနှစ် မှ ၁၉၉၉ ခုနှစ်အထိ နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်တာဝန်ယူခဲ့သူ ရှစ်ပလီသည် အဆောက်အအုံပြိုကျမှုဖြစ်စဉ်အတွက် ဒဏ်ကြေးငွေ နယူးဇီလန်ဒေါ်လာ ၆ သန်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ဒါရိုက်တာအဖွဲ့ဝင် ၄ ဦးစလုံးအနေဖြင့် ပျက်စီးဆုံးရှုံးမှုအတွက် ဥပဒေကြောင်းအရအာမခံကြေးငွေ ပြန်လည်ပေးဆောင်ရန် တာဝန်ရှိနေသည်။တရားသူကြီးက ဒါရိုက်တာအဖွဲ့ဝင် ၄ ဦးမှာ ဥပဒေဆိုင်ရာတာဝန်ဝတ္တရားများ ပျက်ကွက်ကြောင်း နှင့် ၎င်းတို့အနက် ဒါရိုက်တာတစ်ဦးဖြစ်သော Richard Yan မှာ ပျက်စီးဆုံးရှုံးမှုဖြစ်စဉ်တွင် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်း ၊ အခြားဒါရိုက်တာအဖွဲ့ဝင်များ ဥပဒေချိုးဖောက်မှုဖြစ်ပွားစေရန် ၎င်းက တွန်းပို့သလိုဖြစ်ခဲ့ ကြောင်း Stuff သတင်းအေဂျင်စီက ဆိုသည်။

Mainzeal ကုမ္ပဏီသည် အရှုံးပေါ်၍ ၂ဝ၁၃ ခုနှစ်တွင် ဒေဝါလီခံခဲ့ရသည်။ သို့သော် တရားသူကြီးက ကုမ္ပဏီသည် ကြွေးမြီမဆပ်နိုင်ဖြစ်နေသော အခြေအနေ၌ပင် လုပ်ငန်းဆက်လက်လုပ်ကိုင်နေခဲ့ပြီး မြီရှင်များအနေနှင့် ငွေများရရှိရန် ကျန်နေမှုက Mainzeal ကုမ္ပဏီအားပို၍ စောလျင်စွာ ဖျက်သိမ်းရန်ဖြစ်စေခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။(Xinhua)