ဝဲလင်တန် ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နယူးဇီလန်နိုင်ငံ Kermadec ကျွန်းစု၌ ဒေသစံတော်ချိန် ယနေ့နံနက် ၁ဝနာရီ ၅၅ မိနစ်တွင် ပြင်းအား ၇ အဆင့်ရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။
ကန်ဘာရာ၊ မေ ၂၉ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသော စကော့မောရစ်ဆင် (Scott Morrison) နှင့် ၎င်း၏ အသစ်ဖွဲ့စည်းလိုက်သော ဝန်ကြီးဌာနတို့ တရားဝင်ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရသည်။
ဆစ်ဒနီ၊ မေ ၂၈ ရက် (ဆင်ဟွာ) မေလအစောပိုင်းက ဆစ်ဒနီမြို့သို့ရောက်ရှိလာခဲ့သော အမေရိကန်ဒေါ်လာ သန်း ၁၀၀ အောက် တန်ဖိုးရှိသည့် ကိုကင်းနှင့် MDMA တင်ဆောင်လာသည့် ကုန်ပစ္စည်းတင်ပို့မှုတစ်ခုအား သြစတြေးလျနယ်စပ်တပ်ဖွဲ့ (ABF) အရာရှိများက ကြားဖြတ်ဖမ်းမိခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ၊ မေ ၁၉ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာ နယူးကယ်လ်ဒိုးနီးယား Tadine အနီးပင်လယ်ပြင်တွင် မေ ၁၉ ရက်က ပြင်းအား ၆.၈ အဆင့်ရှိ အင်အားပြင်းငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူဗိဗေဒတိုင်းတာရေးဌာန(USGS) မြေငလျင်သတင်းဝက်ဘ်ဆိုက်၏ သတင်းများ အရသိရသည်။
ဆစ်ဒနီ၊ မေ ၁၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံရှိ Taron တောင်၏ အနောက်တောင်ဘက် ၁၂ ကီလိုမီတာတွင် ပြင်းအား ၆.၀ ပမာဏရှိသော ငလျင်တစ်ခု မေလ ၁၇ ရက်က လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး အဆိုအရသိရသည်။
နယူးယောက် ၊ မေ ၇ ရက်(ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Bulolo ဒေသ၏ အနောက်မြောက် ၃၇ ကီလိုမီတာအကွာ၌ မေ ၆ ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၁၉း၃၇ နာရီတွင် ပြင်းအား ၇.၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ဆိုသည်။
ဟောင်ကောင်၊ မေ ၃ ရက် (ဆင်ဟွာ) ဆော်လမွန်ကျွန်းများပေါ်ရှိ ဘူအာလာမြို့ မြောက် အရှေ့မြောက်ဘက် ၁၄၅ ကီလိုမီတာအကွာ၌ မေလ ၃ ရက် ဂရင်းနစ်စံတော်ချိန် ရး၂၅ နာရီတွင် အင်အား ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ပြောကြားခဲ့သည်။
နယူးယောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တောင်ဆန်းဒဝစ်ကျွန်းစုရှိ ဘရစ်စတိုကျွန်း အရှေ့ အရှေ့မြောက်ဘက် ၈၉ ကီလိုမီတာ အကွာတွင် ဧပြီ ၉ ရက် ဂရင်းနစ်စံတော်ချိန် ၁ရး၅၃း၅၇နာရီက အင်အား ၆.၇ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ဆူဗာ၊ မတ် ၁၁ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် ဖီဂျီနိုင်ငံအနီး ပင်လယ်ပြင်တွင် မတ်လ ၁၀ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၁၂ မိနစ်က ပြင်းအား ၆.၂ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။
ဝယ်လင်တန် ၊ မတ် ၇ ရက် (ဆင်ဟွာ) နယူးဇီလန် တော်ဝင် ဘူမိဗေဒ နှင့် နျူကလီးယား သိပ္ပံ အင်စတီကျု က နိုင်ငံမြောက်ပိုင်း Kermadec ကျွန်းစု အနီး ပင်လယ်ပြင်တွင် မတ်လ ၇ ရက် နံနက်ပိုင်းအချိန် ၌ ပြင်းအား ၆.၄...