Connect with us

Australia / Oceania

ပါပူဝါနယူးဂီနီနိုင်ငံတွင် ပြင်းအား ၆.၄အဆင့် ငလျင်လှုပ်ခတ်

ငလျင်လှိုင်းပြပုံတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

ပါပူဝါနယူးဂီနီနိုင်ငံ Namatanaiမြို့ အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်းအား ၆.၄အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS)၏ သတင်းများအရ သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။

အဆိုပါငလျင်သည် ဖေဖော်ဝါရီ ၁၇ ရက် ဂရင်းနစ်စံတော်ချိန် ၁၄ နာရီ ၃၅ မိနစ်က တောင်လတ္တီကျု့ ၃.၃၈၅၂ ဒီဂရီ၊ အရှေ့လောင်ဂျီကျု့၁၅၂.၁၀၈၉ ဒီဂရီ အရပ်တွင် အနက် ၃၆၇.၉၃ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်နှင့်စပ်လျဉ်း၍ ပစိဖိတ်သမုဒ္ဒရာဆိုနာမီသတိပေးစင်တာမှ ဆိုနာမီသတိပေးထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

ပါပူဝါနယူဂီနီနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ မီးတောင်ကြောတွင်တည်ရှိရာ ငလျင်မကြာခဏလှုပ်ခတ် လေ့ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.