Connect with us

Eastern Europe

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ် သေနတ်သမားတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရ

ရုရှားနိုင်ငံသံအမတ်အား လုပ်ကြံခဲ့သည့် သေနတ်သမားအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andery Karlov သည် ဒီဇင်ဘာလ ၁၉ ရက် က တူရကီနိုင်ငံ၌ သေနတ်သမားတစ်ဦး၏ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံရကြောင်း နှင့် သံအမတ်ကြီးအသက်ရှင်ရေးအတွက်လိုအပ်သော ဆေးဝါးကုသမှုကို ပြုလုပ်ပေးရန် ရုရှားနိုင်ငံက တူရကီနိုင်ငံကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်ခြင်းသတင်းကို ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်ထံသို့ပေးပို့ခဲ့ကြောင်း နှင့် လတ်တလောတွင် ရုရှားနိုင်ငံ လုံခြုံရေး အဖွဲ့အစည်းများ နှင့် ဝန်ကြီးဌာနက အဆိုပါ ကိစ္စအပေါ်ဆွေးနွေးနေကြကြောင်း ကရင်မလင်နန်းတော်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ၏ ပြောကြားချက်ကို ကိုးကား၍ Interfax သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

၎င်းတိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ရုရှားနိုင်ငံက ကြေညာခဲ့ပြီး ၊ ရုရှားထောက်လှမ်းရေးကော်မတီက သံတမန်းနည်းလမ်းအရ အမှုဖွင့်ထားပြီး လုပ်ကြံသတ်ဖြတ်ခြင်း ပြစ်မှုတစ်ခုဟု ဆိုသည်။

ရုရှားသံအမတ် သတ်ဖြတ်ခံရခြင်းအပေါ် တရားဥပဒေကြောင်းအရ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံ ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယနေ့( ဒီဇင်ဘာလ ၂ဝ ရက် တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အရေးပေါ်အစည်းအဝေးတစ်ရပ်ပြုလုပ်သွားရန် ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Maria Zakharova က မော်စကိုမြို့တွင်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဒီဇင်ဘာလ ၂ဝရက်တွင် ဆီးရီးယားအကျပ်အတည်းအပေါ် ရုရှား၊တူရကီ နှင့် အီရန် သုံးနိုင်ငံ မှ ထိပ်တန်းသံတမန်များ ဆွေးနွေးပွဲ ပြုလုပ်ရန် တစ်ရက်အလိုတွင် ၎င်းလုပ်ကြံသတ်ဖြတ်မှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပေါ်ခဲ့လင့်ကစား တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu သည် ၎င်း၏ ရုရှားနိုင်ငံခရီးစဉ်ကို သွားရောက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ တူရကီသံရုံး၏ ပြောကြားချက်ကို ကိုးကား၍ Interfax သတင်းအေ၈ျင်စီက ဆိုသည်။လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသော သံအမတ်ကြီး Karlov ကို ၁၉၅၄ ခုနှစ်တွင်မွေးဖွားခဲ့ပြီး ၎င်းသည် ၂၀၁၃ ခုနှစ်ကတည်းက တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.