Connect with us

Eastern Europe

ရုရှား Su-33 တိုက်လေယာဉ် မြေထဲပင်လယ်ရှိ လေယာဉ်တင်သင်္ဘောပေါ်ဆင်းသက်စဉ် ဘီးချော်မှုဖြစ်ပွား

မြေထဲပင်လယ်ရှိ ရုရှားလေယာဉ်တင်သင်္ဘောပေါ်သို့ ဂျက်လေယာဉ်တစ်စင်းဆင်းသက်နေစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးတာဝန်များထမ်းဆောင်ပြီးနောက် မြေထဲပင်လယ်ရှိ လေယာဉ်တင် သင်္ဘောပေါ်သို့ပြန်လည်ဆင်းသက်ခဲ့သော ရုရှားနိုင်ငံ၏ Sukhoi Su-33 အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဘီးချော်မှုဖြစ်ပွားခဲ့ကြောင်း နှင့် လေယာဉ်မှူးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်း ရုရုားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ ဆီးရီးယားနိုင်ငံမှာ စစ်ဆင်ရေးလုပ်ပြီး ပြန်လာတဲ့ ဂျက်တိုက်လေယာဉ်ပါ ။ Admiral Kuznetsov လေယာဉ်တင်သင်္ဘောပေါ် အဆင်းမှာ လေယာဉ်က ဘီးချော်ပြီး လိမ့်ထွက်သွားတာပါ” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် မတော်တဆမှုသည် မည်သည့် နေ့ရက်က ဖြစ်ပွားခဲ့သည်ကို မူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

လေယာဉ်မှူးကို လေယာဉ်တင်သင်္ဘောပေါ်သို့ချက်ခြင်း ကယ်တင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းမတော်တဆမှုသည် လေယာဉ်တင်သင်္ဘော ၏ အရှိန်ဖမ်းဂီယာကြိုး ပြတ်တောက်သွားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

ယခုဖြစ်စဉ်သည် Admiral Kuznetsov လေယာဉ်တင်သင်္ဘောပေါ် မြေထဲပင်လယ်သို့ရောက်ရှိပြီး ဆီးရီးယားနိုင်ငံစစ်ဆင်ရေးအတွက် ထောက်ပံ့မှုအစီအစဉ်များ စတင်လုပ်ဆောင်ခဲ့သည့် တစ်လတာ ကာလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားသော မတော်တဆမှုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၁၅ ရက်က MiG-29 ဂျက်တိုက်လေယာဉ်သည် လေ့ကျင့်ရေးပြုလုပ်ပြီး လေယာဉ်တင်သင်္ဘောပေါ်သို့ဆင်းသက်စဉ် နည်းပညာပိုင်းချွတ်ယွင်းမှုကြောင့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.